AD
AD
AD

ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်မှာ ကာရာဘောင်ဖလားပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘရစ်စတိုလ်စီးတီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ ဘရစ်စတိုလ်စီးတီးအသင်းက ၂ ဂီုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှာ အီဘရာဟီမိုဗစ်ကို အထောင်ထားပြီး မာရှယ်၊ ရက်ရှ်ဖို့ဒ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းက ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး အီဘရာဟီမိုဗစ်နဲ့ ရက်ရှ်ဖို့ဒ်တို့ ကန်သွင်းခဲ့တဲ့ဘောလုံးဟာ တိုင်ထိထွက်သွားခဲ့တာကြောင့် ဂိုးရရှိမယ့်အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပါတယ်။

play

 

ဒုတိယပိုင်းမှာ ဘရစ်စတိုလ်စီးတီးအသင်းက တိုက်စစ်ဖွင့်ကစားလာခဲ့ပြီး ၅၁ မိနစ်မှာ ဂျိုးဘရိုင်ယန်က အပြင်းကန်သွင်းပြီး ဘရစ်စတိုလ်စီးတီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၅၈ မိနစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ပြီး ယင်းပြစ်ဒဏ်ဘောကို အီဘရာဟီမိုဗစ်က လှလှပပ တိုက်ရိုက်ကန်သွင်းယူပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ရယူပေးခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ အနိုင်ဂိုးတွေ ရရှိဖို့အတွက် လူစားလဲလှယ်မှုအများအပြားပြုလုပ်ခဲ့ပြီး ပွဲထွက်ကစားခွင့် မရရှိတာကြာပြီဖြစ်တဲ့ မစ်ခီတာယန်ကိုလည်း လူစားဝင်ကစားစေခဲ့ပါတယ်။ ဘရစ်စတိုလ်စီးတီးအသင်းကလည်း လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပြီး အိမ်ကွင်းပရိသတ်ရှေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းကို အပြန်အလှန် တိုက်စစ်ဆင်ကစားနိုင်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်းပွဲကစားချိန် ပြည့်မြောက်တဲ့ မိနစ် ၉၀ မှာ မတ်တေလာ ပေးပို့လိုက်တဲ့ဘောလုံးကို ကိုရေးစမစ်က လူကျွံထောင်ချောက်ကနေ လွတ်ထွက်သွားပြီး ကန်သွင်းခဲ့ရာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂိုးသမား ရိုမီယိုဘယ်လိုမှ မကာကွယ်လိုက်နိုင်ဘဲ ဘရစ်စတိုလ်စီးတီးအသင်းက ပွဲပြီးချိန်မှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။ ဘရစ်စတိုလ်စီးတီးအသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD