ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချယ်ဆီးအသင်းနဲ့ ဘုန်းမောက်အသင်းတို့ရဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ချယ်ဆီးအသင်းဟာ ယနေ့ပွဲစဉ်မှာ လူငယ်ကစားသမားတွေဖြစ်တဲ့ အန်ပါဒူ၊ ကနေဒီတို့ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာ ဘတ်ရှူဝါရီ၊ ဝီလီယံ၊ ပက်ဒရိုတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းမှာ ချယ်ဆီးအသင်းက ဖိအားပေးကစားနိုင်ခဲ့ပြီး ၁၃ မိနစ်မှာ ဖာဘရီဂတ်ရဲ့ပေးပို့မှုကို ဝီလီယံအမှားအယွင်းမရှိ ပိတ်သွင်းယူပြီး ချယ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ချယ်ဆီးအသင်းအနေနဲ့ ယနေ့ပွဲစဉ်မှာ ကစားပုံကောင်းမွန်ခဲ့ပေမယ့် ဘတ်ရှူဝါရီ ဖြုန်းတီးခဲ့တာကြောင့် နောက်ထပ် ဂိုးတွေ ထပ်မံရရှိမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ဘုန်းမောက်အသင်းက ချေပဂိုး ရဖို့အတွက် ကြိုးစားလာခဲ့ပြီး အဆုံးသတ်ကန်သွင်းယူရာမှာ လွဲချော်နေခဲ့ပါတယ်။ ၇၃ မိနစ်မှာ ခြေစွမ်းမပြသနိုင်တဲ့ ဘတ်ရှူဝါရီကို ထုတ်ပြီး မိုရာတာကို ထည့်သွင်းကစားစေခဲ့ပါတယ်။

play

၈၉ မိနစ်မှာ ဂျော်ဒန်အိုက်ဘ်ရဲ့ပေးပို့မှုကို ဘီးကုပ်စက်ဝိုင်းထိပ်ကနေ ဒန်ဂေါ့စလင်း ကန်သွင်းယူပြီး ဘုန်းမောက်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

ချယ်ဆီးအသင်းဟာ အနိုင်ဂိုးသွင်းယူနိုင်ဖို့ လျင်လျင်မြန်မြန်နဲ့ ဘောလုံးပြန်တည်ပြီး အပေးအယူပြုလုပ်ခဲ့ရာ မိနစ် ၉၀ မှာ ဟာဇက်ရဲ့ နောက်ပေါက်နဲ့ပေးခဲ့တဲ့ဘောလုံးကို မိုရာတာက ဘုန်းမောက်အသင်းရဲ့ဂိုးသမားနဲ့ တစ်ဦးတည်း ကန်သွင်းယူပြီး ချယ်ဆီးအသင်းကို ဆီမီးဖိုင်နယ်အဆင့်ကို အရောက်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ဆီမီးဖိုင်နယ်မှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video