AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘရစ်စတိုလ်စီးတီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီး မော်ရင်ဟိုက နိုင်လိုစိတ်ပြင်းထန်တာကြောင့် ဘရစ်စတိုလ်စီးတီးအသင်းက အနိုင်ရရှိခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

play

 

ကိုရေးစမစ်ရဲ့ မိနစ် ၉၀ မှာ သွင်းယူခဲ့တဲ့ နောက်ကျဂိုးကြောင့် ဘရစ်စတိုလ်စီးတီးအသင်းက အနိုင်ရရှိခဲ့ပြီး လာမယ့်လမှာ မန်ချက်စတာစီးတီးအသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

play

 

ဘရစ်စတိုလ်စီးတီးအသင်းက နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဘရစ်စတိုလ်စီးတီးအသင်းပရိသတ်တွေဟာ ဘောလုံးကွင်းထဲထိ ကျူးကျော်ဝင်ရောက်လာခဲ့ပြီး ရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းခဲ့ရပါတယ်။

"ဒီနေ့က သူတို့အသင်းနဲ့ ပရိသတ်တွေအတွက် ကြီးမားတဲ့နေ့တစ်နေ့ပါ"

"ကျွန်တော်တို့အတွက်ကတော့ တချို့တွေက ရုံးခန်းထဲကို မလာချင်ဘဲ လာရတဲ့တစ်ရက်ထက် မပိုခဲ့ပါဘူး"

"ဘရစ်စတိုလ်စီးတီးအသင်းဟာ ဒီပွဲကို သူတို့ရဲ့အသက်အတွက်လိုမျိုး တိုက်ခိုက်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဒီနေ့က ဘောလုံးလောကအတွက် လှပတဲ့နေ့တစ်နေ့ပါပဲ"

"ကျွန်တော် သူတို့ကို ဂုဏ်ပြုပါတယ်။ အဓိကအရာအနေနဲ့ သူတို့ နိုင်ပွဲကို ရယူနိုင်ခဲ့လို့ပါ။ ကျွန်တော်တို့အသင်းက သူတို့လောက် စိတ်ဓာတ်မပြင်းထန်ခဲ့ပါဘူး။ ရုပ်ပိုင်းဆိုင်ရာတစ်ခုတည်းမဟုတ်ဘူး၊ စိတ်ပိုင်းဆိုင်ရာလည်း မယှဉ်နိုင်ခဲ့ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

play

 

"မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ယူနိုင်ခဲ့တာဟာ သူတို့အရမ်းကို ထူးချွန်ကြလို့ပါ"

"ကျွန်တော့်အသင်းရဲ့ ကစားသမားတွေရဲ့ကိုယ်ရေကိုယ်သွေးကို ဂုဏ်ယူမပြချင်သလို သူတို့ရဲ့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ စိတ်ဓာတ်ကိုလည်း ဂုဏ်ယူမပြချင်ပါဘူး"လို့ ဘရစ်စတိုလ်စီးတီးအသင်းရဲ့နည်းပြ လီးဂျွန်ဆင်က ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD