AD
AD
AD

ယနေ့နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ဘုန်းမောက်အသင်းတို့ရဲ့ EFL ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အ၀ါကဒ် ပြသခံခဲ့ရတဲ့ ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာအနေနဲ့ လာမယ့် စနေနေ့မှာကစားမယ့် အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

play

 

မိုရာတာအနေနဲ့ ချဲလ်ဆီးအသင်းက ဘုန်းမောက်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိနေချိန် ပွဲချိန် ၇၃ မိနစ်တွင် ဘတ်ရှုဝါရီအစားဝင်ကစားခဲ့ပြီး ချဲလ် ဆီးအသင်းအတွက် အဖိုးတန် ဒုတိယမြောက်အနိုင်ဂိုးကို သွင်းယူခဲ့သူလည်း ဖြစ်ပါတယ်။

play

 

ပွဲကစားချိန် ၉၀ မိနစ်မှာ ဘုန်းမော်ကအသင်း ချေပဂိုးရရှိခဲ့ပြီး ဒန်း ဂေါ့စလင်းက သွင်းယူခဲ့ပေမယ့် တစ်မိနစ်အကြာမှာပဲ ချဲလ်ဆီးတိုက်စစ်မှူး မိုရတာက အနိုင်ဂိုတစ်ဂိုးပြန်လည်သွင်းယူပေးခဲ့တာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရခဲ့တာလည်း ဖြစ်ပါ တယ်။

ဒါပေမယ့်လည်း ဂိုးသွင်းအပြီး မိုရာတာအနေနဲ့ ကိုယ်ဝန်သည် ဇနီးကို ရည်ရွယ်ပြီး အောင်ပွဲခံခဲ့ချိန်မှာတော့ ကွင်းလယ်ဒိုင်က အ၀ါကဒ်ပြသခဲ့တာကြောင့် လာမယ့် စနေနေ့မှာ ကစားမယ့် အဲဗာတန်အ အသင်းနဲ့ အဝေးကွင်း ပွဲစဉ်ကိုတော့ လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

မိုရာတာအနေနဲ့ ဘုန်းမောက်နဲ့ ပွဲမတိုင်မီ အ၀ါကဒ်လေးကဒ်အထိ ပြသခံထားရသူဖြစ်ပြီး လက်ရှိမှာ အ၀ါကဒ် ၅ ကဒ်ပြည့်မြောက်ခဲ့တာကြောင့် လည်း ယခုလို ပွဲစဉ်တစ်ပွဲကို လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

နောက်ပွဲစဉ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ပေမယ့်လည်း ယခုကျင်းပလျက်ရှိတဲ့ FA Cup၊ EFL Cup နဲ့ Premier League ပြိုင်ပွဲများမှာ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် လက်အောက်မှာ ကျင်းပနေတဲ့ ပြိုင်ပွဲများဖြစ်တာကြောင့်လည်း ယခုလို အ၀ါကဒ်ပြစ်ဒဏ်များမှာဆက်စပ်နေခြင်းလည်း ဖြစ် ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ကာရာဘောင်ဖလားမှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခဲ့ပြီ ဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ကစားရ မှာ ဖြစ်ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD