AD
AD
AD

ပရီးမီးယားလိဂ်ကလပ် ဆွမ်ဆီးအသင်းမှာ ရှုံးပွဲဆက်နေတဲ့ အသင်းရဲ့ နည်းပြ ပေါလ်ကလီမန့်ကို ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေ ညာခဲ့ပါတယ်။

play

 

အသက် ၄၅ နှစ်အရွယ် ကလီမန့်ကို ထုတ်ပယ်လိုက်ပြီဖြစ်ပေမယ့်လည်း နည်းပြသစ်ကိုတော့ပြန်လည်အစားထိုးနိုင်ခြင်း မရှိသေးပဲ ၂၄ နာရီအ တွင်းအစားထိုးနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

play

 

နည်းပြ ပေါလ်ကို ထုတ်ပယ်လိုက်ရခြင်းနဲ့ပက်သက်ပြီး -" အဓိကကတော့ ကျွန်တော်တို့အသင်း မနှစ်ကလို ရာသီပြီးကာနီးအထိ ရုန်းကန်နေရ တာမျိုး မဖြစ်ချင်လို့ပါ။" လို့ အသင်းပိုင်ရှင် ဂျန်ကင်က အသင်းရဲ့ ၀က်ဘ်ဆိုဒ်မှတဆင့် ပြောကြားခဲ့ပါတယ်။

ပေါလ်အနေနဲ့ ဆွမ်ဆီးအသင်းရဲ့ ၂ရာသီအတွင်း ထုတ်ပယ်ခံရတဲ့ ၃ဦးမြောက်နည်းပြလည်း ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

မနှစ်ကရာသီကအသင်းကို အဓိက ဦးဆောင်ခဲ့ကြတဲ့ တိုက်စစ်မှူး လော်ရန်တေးနဲ့ ကွင်းလယ်ကစားသမား ဆီဂတ်ဆန်တို့ ထွက်ခွာသွားခဲ့တာက လည်း အသင်းရဲ့ ရလဒ်ကို ယခုလို ဆိုးရွားစေခဲ့တာ ဖြစ်တယ်လို့ နည်းပြ ပေါလလ်က ပြန်လည်ချေပ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ဆွမ်ဆီးအသင်းအနေနဲ့ ရမှတ် ၁၂ မှတ်သာရရှိထားပြီး အမှတ်ပေးဇယား အဆင့် ၂၀ မှာရပ်တည်နေကာ တန်းဆင်းဇုန် အတွင်း မှ ပြန်လည်ရုန်းထွက်နိုင်ဖို့အတွက် အဆင့် ၁၇ မှ စတုတ်စီးတီးအသင်းနဲ့ ၄ မှတ်အထိ ကွာဟနေပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD