AD
AD
AD

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ဆောက်သမ်းမြန်မာအသင်းနဲ့အတူ ပါဝင်ကစားခဲ့သူတစ်ဦးဖြစ်တဲ့ ကျော်ဖြိုးဝေမှာ ထိုင်းကလပ်အသင်း တစ်သင်းဖြစ်တဲ့ ဖူးခက်အသင်းမှာ အရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။

play

 

"‘‘လူရွေးပွဲရှိတယ်လို့ ပြောတာနဲ့ ကျွန်တော်လည်း သွားအရွေးခံလိုက်တယ်။ နောက်ဆုံးအ ဆင့်ထိ ပါသွားတာကြောင့် အသင်းဘက်ကလစာနဲ့ စာချုပ်ကိစ္စ ကို ဇန်န၀ါရီ၅ ရက်နေ့မှာ အပြီးသတ်လုပ် ဆောင်သွားဖို့ ရှိတယ်’’ လို့ ကျော်ဖြိုးဝေက ပြောပါတယ်။

ကျော်ဖြိုးဝေမှာဆောက်သမ်းအသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် မိသားစုနဲ့အတူ ဖူးခက်မှာ ပန်းရံအလုပ်လုပ်ကိုင်နေရင်း ဖူးခက် အသင်းရဲ့ လူ ရွေးပွဲမှာ ၀င်အရွေးခံရာကနေ ယခုလို အရွေးခံခဲ့ရတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

"ဆောက်သမ်းမှာ လစာကိစ္စအဆင်မပြေတာနဲ့ စာချုပ်ဖျက်ပြီး ထိုင်းမှာအလုပ်ပြန်လာလုပ်တာ။ မိသားစုကလည်း ဒီမှာရှိနေတဲ့အ တွက် ပြန်လာတဲ့အချိန်နဲ့အသင်း က လူရွေးပွဲလုပ်တာနဲ့တိုးပြီး ဝင် ရွေးခံဖြစ်သွားတာပါ။ လက်ရှိ တော့ မိသားစုစားဝတ်နေရေးအ တွက် ပန်းရန်လုပ်နေပေမယ့် အောင်မြင်တဲ့ ဘောလုံးသမား တစ်ယောက်ဖြစ်အောင် ကြိုးစား မှာပါ" လို့ ၎င်းက ဆက်လက်ပြောခဲ့ပါတယ်။

မြန်မာ ကစားသမားများအနေနဲ့ ထိုင်းလိဂ်ကလပ်အသင်းများသို့ ပရော်ဖက်ရှင်နယ်ကစားသမားများအဖြစ် သွားရောက်ကစားလျက်ရှိနေကြပြီး ယခုနှစ်အတွင်းတွင် ထိုင်းနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး လိဂ်(၁)သို့ လက်ရွေးစင်ကစားသမားများဖြစ်ကြတဲ့ အောင်သူနဲ့ ကျော်ကိုကိုတို့ အသီးသီး သွားရောက်ကစားကြမှာလည်း ဖြစ်ပါတယ်။

ယခု ကျော်ဖြိုးဝေ သွားကစားမယ့် ဖူးခက်စီးတီးအသင်းမှာ ၂၀၁၇ ဘောလုံးရာသီက လိဂ်-၄ တွင် အဆင့် (၂) နေရာရရှိခဲ့ခြင်း ကြောင့် ယခုနှစ်တွင် လိဂ်-၃ ၌ ယှဉ်ပြိုင်ခွင့်ရရှိထားသည့် အသင်းဖြစ်ပါတယ်။

Source- 7 Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD