AD
AD
AD
play

 

ချယ်ဆီးအသင်းရဲ့နည်းပြကွန်တီဟာ အသင်းရဲ့လူငယ် ကွင်းလယ်ကစားသမား ကနေဒီကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ နယူးကာဆယ်အသင်းကို အငှားနဲ့သွားရောက်ကစားစေမယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

play

 

ကနေဒီဟာ ယခုရာသီမှာ ချယ်ဆီးအသင်းအတွက် ၃ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိထားပြီး ယင်း ၃ ပွဲမှာလည်း ကာရာဘောင်ဖလားပွဲစဉ်တွေသာ ဖြစ်ပါတယ်။ ဒေးလီးမေးလ်သတင်းစာရဲ့ရေးသားချက်အရ နယူးကာဆယ်အသင်းဟာ ဇန်နဝါရီလမှာ ကနေဒီကို အငှားနဲ့ခေါ်ယူဖို့ ချယ်ဆီးအသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ယခုရာသီကုန်ချိန်အထိ အငှားနဲ့ ခေါ်ယူခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။

play

 

ယနေ့နံနက်က ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ ကနေဒီအနေနဲ့ ခြေစွမ်းပြသနိုင်ခဲ့ပြီး နည်းပြကွန်တီက ကနေဒီကို ပရီးမီးယားလိဂ်အတွေ့အကြုံပိုမိုရရှိစေဖို့အတွက် နယူးကာဆယ်အသင်းကို အငှားနဲ့သွားရောက်ကစားစေတာလို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD