AD
AD
AD
play

 

စတုဂတ်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ကွင်းလယ်ကစားသမား ဘာကေးအော့ဂ်ကန်ဟာ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စအတွက် တွေ့ဆုံခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ လာမယ့်ဇန်နဝါရီလမှာ အသင်းရဲ့ကွင်းလယ်ကစားသမား အိုဇေးလ်နဲ့ ဆန်းချက်ဇ်တို့ကို ရောင်းချဖွယ်ရှိနေတာကြောင့် လစ်လပ်သွားတဲ့ကွင်းလယ်နေရာမှာ အစားထိုးဖို့အတွက် စတုဂတ်လူငယ်ကြယ်ပွင့်ကစားသမားကို ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်။

play

 

တူရကီယူ-၂၁ အသင်းရဲ့ကစားသမားဖြစ်တဲ့ ဘာကေးအော့ဂ်ကန်ဟာ အာဆင်နယ်အသင်းနဲ့ ဆွေးနွေးနေဆဲဖြစ်ပြီး အလျင်စလို ပြောင်းရွှေ့မှာတော့ မဟုတ်ဘူးလို့ သိရပါတယ်။

"ကျွန်တော့်ကိုယ်စားလှယ်ရယ်၊ ကျွန်တော်ရယ် အာဆင်နယ်အသင်းနဲ့ စကားပြောခဲ့ကြပါတယ်"

"အာဆင်နယ်အသင်းက ကျွန်တော့်ကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ကျွန်တော် ကစားတဲ့ပွဲစဉ်တွေကို ကင်းထောက်စေလွှတ်ပြီး စောင့်ကြည့်နေခဲ့တာပါ"

"အခုအချိန်မှာ အာဆင်နယ်အသင်းနဲ့ ပူးပေါင်းရမလားဆိုတာတော့ ကျွန်တော်လည်း မသိသေးပါဘူး။ အဲဒါက နည်းနည်းများ စောနေမလားလို့ပါ။ ကျွန်တော့်အနေနဲ့ ဒီမှာပဲဆက်နေပြီး ကိုယ့်ကိုယ်ကိုယ် သက်သေပြရင်း ခြေစွမ်းတိုးတက်ကောင်းမွန်လာအောင် လုပ်ရပါဦးမယ်"

"နောက်ဆုံးမှာတော့ အာဆင်နယ်အသင်းဟာ အနာဂတ်မှာ သွားရောက်ကစားချင်တဲ့အသင်းပါ။ ဘုရားသာဆန္ဒရှိမယ်ဆိုရင် ကျွန်တော့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Squawka

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD