AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖယ်လိုင်နီဟာ လာမယ့်ဇန်နဝါရီလမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ဖယ်လိုင်နီက ဒွိဟဖြစ်စေမယ့်လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

play

 

ဖယ်လိုင်နီက သူ့ရဲ့လူမှုကွန်ရက် အင်စတာဂရမ်မှာ ကျွန်တော်လာနေပြီလို့ ရေးသားထားပြီး ကားမောင်းနေတဲ့ပုံကို တင်ထားခဲ့တာဖြစ်ပါတယ်။ ယင်းပုံရဲ့အောက်မှာလည်း ဘီဆစ်ခ်တက်အသင်းရဲ့ပရိသတ်တွေက ဖယ်လိုင်နီကို ဝိုင်းဝန်းကြိုဆိုခဲ့ကြပါတယ်။

play

 

ဖယ်လိုင်နီဟာ နည်းပြမော်ရင်ဟိုရဲ့ကစားကွက်မှာ နေရာမရဖြစ်နေပြီး ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေတဲ့ကစားသမားဖြစ်ပါတယ်။ ဖယ်လိုင်နီဟာ ၂၀၁၃ ဘောလုံးရာသီမှာ အဲဗာတန်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ကစားသမားဖြစ်ပြီး ယခုရာသီမှာ ဖယ်လိုင်နီအနေနဲ့ ၉ ပွဲပါဝင်ကစားပေးထားပါတယ်။ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် အနားယူနေရချိန်ပြီး ယခုလို ဒွိဟဖြစ်စရာကောင်းတဲ့ လုပ်ရပ်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD