AD
AD
AD

မန်ယူအသင်းရဲ့ ညာနောက်ခံလူ အန်တိုနီယို ဗလင်စီယာအနေနဲ့ ဒူးကောက်ကြော ဒဏ်ရာကြောင့် မနက်ဖြန်မှာ ကစားမယ့် လက်စတာ စီးတီး အသင်းနဲ့ ပွဲစဉ်ကို လွဲချော်ဖို့ သေချာသလောက် ရှိနေပြီလို့ သိရပါတယ်။

play

 

မန်ယူအသင်းက ၀က်စ်ဘရွန်းအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဒူးကောက်ကြော ဒဏ်ရာ ပြန်လည်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗလင်စီယာအနေနဲ့ အဆိုပါ ဒူးကောက်ကြော ဒဏ်ရာကြောင့် ဒီဇင်ဘာ ကာလမှာ ကစားရမယ့် Boxing Day Match ဖြစ်တဲ့ ဘန်လေအသင်းနဲ့ ပွဲစဉ်ကိုမူ ပြန်လည် ပါဝင်နိုင်ဖို့အတွက် လက်စတာနဲ့ပွဲမှာ အနားယူဖို့ သေချာပေါက် လိုအပ်နေတာ လည်း ဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့ ဗလင်စီယာ မကစားနိုင်ခြင်းကြောင့် မနက်ဖြန်ကစားရမယ့် လက်စတာနဲ့ အဝေးကွင်းပွဲအတွက် ဘလင်း၊ဒါမီယန်း၊လင်ဒီ လော့ဒ်၊မက်တိုမီနေး၊ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ထဲမှ ရွေးချယ်ခေါ်ယူသွားမယ်လို့လည်း သိရပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD