AD
AD
AD

ခရစ္စမတ်ကာလမတိုင်ခင် ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်နဲ့ လီဗာပူးအသင်း တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ အခြားအသင်းတွေထက် တစ်ရက်စောပြီး ဒီနှစ်သင်းက သောကြာနေ့ည(ယနေ့) ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

 

လီဗာပူးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမယ့် အာဆင်နယ်အသင်းဘက်မှာ လတ်တလော ရှိနေတဲ့ အားသာချက် (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အိုဇေး ခြေစွမ်းကောင်းနေခြင်း

play

 

အာဆင်နယ်အသင်းနောက်ပိုင်း ပွဲစဉ်တွေမှာ အိုဇေးခြေစွမ်းပြနေတာဟာ အိမ်ရှင်အသင်းရဲ့ အားသာချက် ဖြစ်နေပါတယ်။ စပါးနဲ့ နယူးကာဆယ်ကို အနိုင်ရတဲ့ပွဲမှာ အိုဇေးလ်အဓိက ခြေစွမ်းပြခဲ့ပါတယ်။ ဟက်ဒါဖီးလ်ကို အနိုင်ရတဲ့ ပွဲစဉ်မှာလည်း အိုဇေးလ်က အသင်းရဲ့ အဓိက ကစားသမား ဖြစ်ခဲ့တာပါ။

၂။ အိမ်ကွင်းရလဒ်ကောင်းခြင်း

play

 

အိမ်ကွင်းအမ်းမရိတ်မှာ အာဆင်နယ်ရလဒ်အရမ်းကောင်းနေပါတယ်။ အိမ်ကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ ၁၄ ပွဲမှာ ၁၃ ပွဲနိုင်ပြီး မန်ယူတစ်သင်းတည်းကိုသာ ရှုံးထားတာပါ။ ဒီရာသီ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ကိုးပွဲမှာလည်း အာဆင်နယ်က ၂၂ ဂိုးအထိသွင်းယူထားနိုင်တာတွေ့ရပါတယ်။

၃။ အသင်းကြီးများနှင့်တွေ့လျင် ရလဒ်ဆိုးသည့်လီဗာပူး

play

 

လီဗာပူးအသင်းက ဒီရာသီထိပ်သီးအသင်း ငါးသင်းနဲ့တွေ့ဆုံထားရာမှာ ငါးမှတ်ပဲ ရထားပါသေးတယ်။ အသင်းက အခြားပွဲစဉ်တွေမှာ ရလဒ်ကောင်းပြီး ဂိုးမြူးနေပေမယ့် အသင်းကြီးတွေနဲ့တွေ့တဲ့အခါ ရလဒ်မကောင်းဘဲ တစ်ပွဲသာ နိုင်ထားပါသေးတယ်။

လီဗာပူးရလဒ်များ

လီဗာပူး ၁-၁ ချယ်လ်ဆီး

စပါး ၄-၁ လီဗာပူး

လီဗာပူး ၁-၁ မန်ချက်စတာ ယူနိုက်တက်

မန်စီးတီး ၅-၀ အာဆင်နယ်

၎။ ခံစစ်ညံ့နေသည့် လီဗာပူး

play

 

မန်စီးတီးအသင်းက ငါးဂိုးသွင်းပြီး အနိုင်ယူတာခံထားရတဲ့ လီဗာပူးခံစစ်ဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာ ဆီဗီလာအသင်းကို ၃-၀ ဂိုးနဲ့ နိုင်နေပြီးမှ သုံးဂိုးပြန်ပေးလိုက်ရတာကလည်း လီဗာပူးရဲ့ ခံစစ်အားနည်းချက်ကို ပိုပြီး ပေါ်လွင်စေခဲ့ပါတယ်။ အထူးသဖြင့် ဒီရာသီမှာ အားနည်းနေတာ လီဗာပူးရဲ့ ခံစစ်ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD