AD
AD
AD
play

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက် ၃ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

play

အာဆင်နယ်အသင်းနဲ့ လီဗာပူးအသင်းတို့ဟာ ပွဲစတင်ချိန်ကတည်းက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ပထမပိုင်း ၂၆ မိနစ်မှာ မိုဟာမက်ဆာလာရဲ့ပေးပို့မှုကနေတစ်ဆင့် ကော်တင်ဟိုက ခေါင်းတိုက်သွင်းယူပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ အဖွင့်ဂိုး ပေးလိုက်ရတာကြောင့် ချေပဂိုးပြန်လည်သွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အချိတ်အဆက်မမိ ဖြစ်ခဲ့ပြီး လီဗာပူးအသင်းရဲ့တိုက်စစ်ကိုသာ ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ရပါတယ်။ ယနေ့ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ဂိုးသမား ပီတာချက်က အကောင်းဆုံးလက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကို တွေ့ရပါတယ်။

play

 

ဒုတိယပိုင်းမှာ အာဆင်နယ်အသင်းက ကစားကွက်ပုံဖော်ဖို့ ကြိုးစားခဲ့ပြီး အပေးအယူအချိတ်အဆက်မိမိနဲ့ တိုက်စစ်ဆင် ကစားလာခဲ့ပါတယ်။ ၅၂ မိနစ်မှာ မိုဟာမက်ဆာလာရဲ့ဘီးကုပ်စက်ဝိုင်းထိပ်ကနေ လှလှပပ ကန်သွင်းယူခဲ့တဲ့ဘောလုံးကို ပီတာချက် ဘယ်လိုမှမကာကွယ်နိုင်ခဲ့တာကြောင့် ဒုတိယမြောက်ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပြန်ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ ၂ ဂိုးပေးလိုက်ရတာကြောင့် ဘောလုံးပြန်စပေးတာနဲ့တစ်ပြိုင်နက် အလုံးအရင်းနဲ့ တိုက်စစ်ဆင်ခဲ့ပြီး ၅၃ မိနစ်မှာ ဘယ်လာရင် ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို အလက်ဆစ်ဆန်းချက်ဇ်က လျင်လျင်မြန်မြန်နဲ့ ခေါင်းတိုက်သွင်းယူပြီး အာဆင်နယ်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့အာဆင်နယ်အသင်းဟာ စိတ်ဓာတ်ပိုင်း တက်ကြွလာခဲ့ပြီး ဆက်တိုက် တိုက်စစ်ဆင်ကစားလာခဲ့ပါတယ်။ ၅၆ မိနစ်မှာ အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကစားသမား ဇာခါ အမှတ်မထင် ကန်သွင်းခဲ့တဲ့ အဝေးကန်ချက်ကို မစ်ဂနိုလတ် မကာကွယ်နိုင်ခဲ့ဘဲ အာဆင်နယ်အသင်းကို ဒုတိယမြောက်ချေပဂိုးကို ခွင့်ပြုခဲ့ရပါတယ်။

play

 

လီဗာပူးအသင်းဟာ အာဆင်နယ်အသင်းရဲ့လျင်မြန်တဲ့တိုက်စစ်ကို ကာကွယ်နေခဲ့ရပြီး အချိတ်အဆက်မိလာတဲ့ အာဆင်နယ်အသင်းဟာ ဆက်တိုက်ဆိုသလို လီဗာပူးအသင်းရဲ့ ဂိုးပေါက်ကို ခြိမ်းခြောက်ခဲ့ပါတယ်။ ၅၈ မိနစ်မှာ အိုဇေးလ်ဟာ ပင်နယ်တီဧရိယာထဲမှာ တိုက်စစ်မှူး လာကာဇက်နဲ့အပေးအယူလုပ်ပြီး အာဆင်နယ်အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

အဝေးကွင်းမှာ လာရောက်ကစားရတဲ့လီဗာပူးအသင်းဟာ ချေပဂိုးပြန်လည်သွင်းယူဖို့ ကြိုးစားခဲ့ပြီး ၇၁ မိနစ်မှာ ဖာမီနိုက ပီတာချက်နဲ့ တစ်ဦးချင်း ကန်သွင်းယူရာမှာ ပီတာချက်ပုတ်ထုတ်တာ မသေသပ်ခဲ့တာကြောင့် ဂိုးထဲကို ဝင်သွားခဲ့တာကြောင့် တစ်ဖက် ၃ ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD