AD
AD
AD

အဲဗာတန်အသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ပွဲစဉ်မှာ ရွန်နေးကို အာရုံစိုက် မျက်ခြေမပြတ်စောင့်ကြည့်ရမယ်လို့ ချယ်လ်ဆီးကစားသမားတွေကို ကွန်တီက သတိပေးလိုက်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဘဝက အနားယူပြီး ကလပ်အသင်းကစားသမားဘဝကို အပြည့်အဝ အာရုံစိုက်နေပမယ့် လက်ရွေးစင်မှာ ပြန်ကစားဖို့ စဉ်းစားသင့်ကြောင့်လည်း ချယ်လ်ဆီးနည်းပြကွန်တီက ရွန်နေးက အကြံပြုလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းက အောက်တိုဘာ ၂၃ ရက်နေ့ ယနေ့မှာ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ရွန်နေးက အသင်းအတွက် တကျော့ပြန် ခြေစွမ်းထက်မြက်နေပြီး အဲဗာတန်အတွက် နောက်ဆုံးကစားတဲ့ ငါးပွဲမှာ ခြောက်ဂိုးသွင်းယူပေးထားနိုင်သူပါ။

play

 

“ ရွန်နေးလို ကစားသမားမျိုးက ဘောလုံးကစားတဲ့အခါ တကယ့်ကို စိတ်ရောကိုယ်ပါနှစ်ပြီး ကစားတတ်တဲ့သူပါ။ ဒီတော့ ကျွန်တော်တို့ သတိကြီးကြီး ထားဖို့လိုပါတယ်။ သူဘယ်လိုကစားသမျိုးလဲဆိုတာ ကွင်းထဲမှာ တွေ့နိုင်တာပဲလေ” လို့ ကွန်တီက ပြောပါတယ်။

play

 

ရွန်နေးအနေနဲ့ အင်္ဂလန်လက်ရွေးစင်ဘဝက အနားယူလိုက်ရတဲ့အပေါ် စိတ်မကောင်းဖြစ်ပြီး အသည်းကွဲနေလိမ့်ဦးမယ်လို့လည်း ကွန်တီက မှတ်ချက်ပြုခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ဘယ်လိုမှကို ချဖို့ မလွယ်ကူတဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်တယ်လို့ ကွန်တီကပြောပါတယ်။ ရွန်နေးဟာ အင်္ဂလန်အသင်းအတွက် ၁၁၉ ပွဲကစားကာ ၅၃ ဂိုးသွင်းယူပေးခဲ့ပြီး ၂၀၁၇ သြဂုတ်လမှာပဲ အနားယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD