play

 

မန်ချက်စတာစီးတီးအသင်းရဲ့တိုက်စစ်မှူး အဂူရိုဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လူစားလဲခံခဲ့ရပြီးနောက် ဒေါသတကြီးနဲ့ လက်အိတ်ကို ချွတ်ပြီး လွှင့်ပစ်ခဲ့ပါတယ်။

play

 

အဂူရိုအနေနဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ကစားပေးချင်ပေမယ့် ဂွါဒီယိုလာက အရန်စာရင်းထဲမှာတောင် ထည့်သွင်းခဲ့ခြင်းမရှိပါဘူး။ အဂူရိုဟာ ဂွါဒီယိုလာရဲ့ မမျှတတဲ့ ဆက်ဆံပုံကြောင့် စိတ်ပျက်နေပြီး ပက်ဂွါဒီယိုလာက လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာသွားအောင် ဖိအားပေးဖို့ ကြိုးစားနေတယ်လို့ ခံစားနေရကြောင်း Goal က ရေးသားထားပါတယ်။

play

 

ယခုနှစ် ရာသီကြိုကာလမှာ အဂူရိုဟာ မန်စီးတီးအသင်းရဲ့ ဥက္ကဌဖြစ်တဲ့ ခါဒွန်းအယ်မူဘာရတ်နဲ့ လော့စ်အိန်ဂျယ်လိစ်မြို့မှာ သွားရောက်တွေ့ဆုံပြီး ဂွါဒီယိုလာအပေါ် ထားတဲ့ ခံစားချက်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောပြခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ဥက္ကဌဟာ အဂူရိုကို ရောင်းချမှာမဟုတ်ဘဲ ဂွါဒီယိုလာရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရစေရမယ်လို့ အာမခံခဲ့ပါတယ်။

play

 

အဂူရိုဟာ လက်ရှိအချိန်မှာ ဂက်ဘရီရယ်ဂျီးဆပ်ရှိနေတာကြောင့် ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေပြီး အရေးပါတဲ့ပွဲစဉ်တွေမှာပါဝင်ကစားခွင့်မရဖြစ်နေတာကြောင့် လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပြီဖြစ်ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video