play

 

ယနေ့ည ၇ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အဲဗာတန်အသင်းနဲ့ ချယ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

play

 

ပွဲစတင်ချိန်ကတည်းက ချယ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ ချယ်ဆီးအသင်းဟာ တိုက်စစ်မှာ ဟာဇက်ကို အထောင်ထားပြီး ပက်ဒရို၊ ဝီလီယံတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ယနေ့ပွဲစဉ်မှာ ဝိန်းရူနီ အဖျားရောဂါကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိဘဲ တိုက်စစ်မှာ ကယ်ဗာ့လီဝင်းကို အထောင်ထားပြီး ပွဲထွက်လာခဲ့ပါတယ်။

play

ဒုတိယပိုင်းမှာ အဲဗာတန်အသင်းက ကစားသမားအပြောင်းအလဲပြုလုပ်ခဲ့ပြီး တွန်ဒေးဗီးစ်၊ လန်နွန်၊ ဂါနာတို့ကို ထုတ်ပြီး အက်ရှ်လေဝီလီယံ၊ ဆန်ဒရိုရာမီရက်ဇ်၊ ဘာနင်ဂီမီတို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ဂိုးရရှိဖို့ အခွင့်အရေးတွေ အများကြီးရရှိခဲ့ပေမယ့် ယနေ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ဂိုးပေါက်ပျောက်နေခဲ့ပါတယ်။ ၇၇ မိနစ်မှာ အဲဗာတန်အသင်းရဲ့နောက်ခံကစားသမား အက်ရှ်လေဝီလီယံ ချယ်ဆီးအသင်းရဲ့ဖြတ်တင်လိုက်တဲ့ဘောလုံးကို ခေါင်းတိုက်ဖျက်ထုတ်ခဲ့ရာမှာ ချော်သွားပြီး ကိုယ့်ဂိုးကိုယ်ပြန်သွင်းလုနီးပါး ဖြစ်ခဲ့ပေမယ့် ဘောလုံးက တိုင်ထိပြီး ထွက်သွားခဲ့တာကြောင့် အဲဗာတန်အသင်း ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

play

 

ယနေ့ပွဲစဉ်မှာ အဲဗာတန်အသင်းအနေနဲ့ ချယ်ဆီးအသင်းဆီက သရေတစ်မှတ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ချယ်ဆီးအသင်းကတော့ ဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးအသင်းနဲ့ ၁၃ မှတ်ထိ ပြတ်သွားခဲ့ပြီဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video