play

 

ယနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ဘုန်းမောက်အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ တိုက်စစ်မှာ ဆာနေး၊ အဂူရို၊ စတားလင်းတို့နဲ့ ပွဲထွက်လာခဲ့ပြီး ဘုန်းမောက်အသင်းက တိုက်စစ်မှာ ဝီလ်ဆင်ကို အထောင်ထားပြီး စတန်နီစလပ်၊ ဂျော်ဒန်အိုက်ဘ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း စတင်ချိန်ကတည်းက မန်ချက်စတာစီးတီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးကစားနိုင်ခဲ့ပြီး ၂၇ မိနစ်မှာ ဖာနန်ဒင်ဟိုရဲ့ပေးပို့မှုကနေတစ်ဆင့် အဂူရိုက မန်ချက်စတာစီးတီးအသင်း အတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာလည်း မန်ချက်စတာစီးတီးအသင်းကသာ တစ်ကွင်းလုံးကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ၅၃ မိနစ်မှာ အဂူရိုရဲ့ပေးပို့မှုကနေတစ်ဆင့် စတားလင်းက မန်စီးတီးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်

play

 

၆၇ မိနစ်မှာ ခြေစွမ်းမပြနိုင်တဲ့ ဆာနေးရဲ့အစား ဘာနာဒိုဆေးလ်ဗားကို ထည့်သွင်းကစားစေခဲ့ပြီး ၇၉ မိနစ်မှာ ဘာနာဒိုဆေးလ်ဗားရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် အဂူရိုက တတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။

play

 

၈၅ မိနစ်မှာ စတားလင်းရဲ့ပေးပို့မှုကနေတစ်ဆင့် မန်ချက်စတာစီးတီးအသင်းရဲ့နောက်ခံကစားသမား ဒါနီလိုက အမှားအယွင်းမရှိ ပိတ်သွင်းယူပြီး မန်ချက်စတာစီးတီးအသင်းက ပွဲပြီးဆုံးချိန်မှာ ၄ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video