ယနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ မှာ တော့ တစ်ဖက် နှစ်ဂိုးစီ သရေပွဲဖြစ်ပေါ်ခဲ့ပါတယ်။

play

 

အဆိုပါ ပွဲစဉ်တွင် မန်ယူအသင်းအနေနဲ့ ၂-၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ပြီးမှ အချိန်ပို မိနစ်(၉၀)ပြည့်လို့ ထပ်ဆောင်း အချိန်ပို ၅ မိနစ်မှာ ပြန်ပေးလိုက်ရတဲ့ ချေပဂိုးကြောင့် အဖိုးတန် အနိုင်ရမှတ် ၃ မှတ်ကို ဆုံးရှုံး လိုက်ရတာ ဖြစ်ပါတယ်။

play

 

ယင်းဖြစ်စဉ်နဲ့ ပက်သက်ပြီး မန်ယူနည်းပြမော်ရင်ဟိုက-“ ကျွန်တော်တို့ နောက်တန်းမှာ အမှားကြီး ကျူးလွန်ခဲ့မိ တာကြောင့် အနိုင်မရခဲ့တာပါ။ပထမပိုင်းပြီးကတည်းက ကျွန်တော် ကစားသမားတွေကို ပြောခဲ့ပါတယ်။ဒီပွဲက နိုင်ဖို့ လွယ်လွယ်လေးဆိုတာ။ဒါပေမယ့် အချို့ ကစားသမားတွေမှာ ကလေးကလားအဆင့်လောက်ပဲ ရှိတဲ့ ဆုံး ဖြတ်ချက်တွေက အသင်းကို ဒုက္ခရောက်စေခဲ့ပါတယ်။ဒါဟာ သူတို့တွေမှာ သင်ယူဖို့ရှိနေတာကို သက်သေပြနေတာပါပဲ။ဥပမာတစ်ခုပြောရရင်- စကော့ကို ကျွန်တာ် လုံးဝ မသုံးခဲ့ပါဘူး။သူက သင်ယူဖို့ပဲ လိုသေးတဲ့ ကလေးလေးပဲ ရှိပါသေးတယ်။သူကကလေးဆိုပေမယ့် ကလေးကလေးအတွေးတော့ မရှိပါဘူး။ ဒါပေမယ့် အချို့ ကစားသမားတွေမှာ ကလေးမဟုတ်ပဲ ကလေးကလားဆန်တဲ့ အတွေးတွေ ဆုံးဖြတ်ချက်တွေ ရှိနေတုန်းပါပဲ။ဒါတွေကို သူတို့ ကစားသမားဘ၀ ကုန်ဆုံးတဲ့အထိ ယူသွားကြပါလိမ့်မယ်လို့ “ ပွဲအပြီးသတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ပါတယ်။

မန်ယူကစားသမားများအနေနဲ့ အပိုင်ဂိုးများကို လွဲချော်နေခဲ့ခြင်းကြောင့်လည်း ယခုပွဲစဉ်မှာ ရမှတ် ဆုံးရှုံးဖို့ ဖြစ်လာခဲ့တာလည်း ဖြစ်တယ်လို့မော်ရင်ဟိုက ဆက်လက်ပြောခဲ့ပါတယ်။

“ပွဲချိန်အတွင်း ကျွန်တော်စကားပြောဖို့အခွင့်အရေး ယန်းတစ်ယောက်တည်းပဲ ရှိပါတယ်။သူ့ကို ကျွန်တော် ပြောခဲ့တာက စမောလင်းကိုကူညီပေးဖို့ပါ။မာရှယ်နဲ့လင်ဂတ်ရဲ့ လွဲချော်မှုတွေကလည်း အသင်းကို အနိုင်မရရှိစေခဲ့တာမှာ ပါဝင်တာပေါ့။အမှန်ဆိုသူတို့ အခွင့်အရေးတွေ မရေမတွက်နိုင်ရနေတာာ အသုံးမှ မချနိုင်တာ။ဒါ့အပြင် ကောင်တာ ဘောလုံးတွေမှာလည်း မပိုင်နိုင်ပဲ အလွယ်ဘောလုံးဆုံးရှုံးနေမှတော့ ဘယ်လိုလုပ်ပြီး နိုင်တော့မလဲ။" လို့ မော်ရင်ကိုက ဆက်လက်ပြောခဲ့ပါတယ်။

မန်ယူအသင်းအနေနဲ့ ယခုပွဲ သရေကျခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ဆက်လက်ရပ်တည်ထားနိုင်ပေမယ့်လည်း အဆင့် ၁နေရာမှာ မန်စီးတီးအသင်းနဲ့ ရမှတ် ၁၃ မှတ်အထိကွာဟခဲ့ပြီဖြစ်တာကြောင့် ချန်ပီယံဆုအတွက် မျှော်လင့်ချက် ပိုမိုဝေးကွာနေပြီလည်း ဖြစ်ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video