AD
AD
AD

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၉)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘန်လေအသင်းနဲ့ စပါးအသင်းတို့ ရဲ့ ပွဲစဉ်မှာတော့ စပါးအသင်းက ၀-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play
၁၉၉၅ ခုနှစ်က တစ်နှစ်တည်း သွင်းဂိုး ၃၆ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘလက်ဘန်း တိုက်စစ်မှူး အလန်ရှီးယား

 

အဆိုပါ ပွဲစဉ်မှာတော့ စပါးအသင်းအတွက် အနိုင်ဂိုးတွေကို အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းတစ်ဦးတည်းက ဟက်ထရစ် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

play
ဘန်လေကို ဟက်ထရစ်သွင်းယူအပြီး ဘောလုံးလက်ဆောင်ရယူနိုင်ခဲ့တဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း

 

ဟက်ထရစ်ဂိုးသွင်းယူခဲ့တဲ့ ကိန်းကို ပြိုင်ဘက်နည်းပြ ဒိုင်ချီက-“ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်အပါအ၀င်ပါပဲ။ဒီလိုကစားသမားမျိုး ကွင်းအတွင်းမြင်ရဖို့ အချိန်တစ်ခုလောက်တော့ ကြာစမြဲပါပဲ။ဒီ နှစ်ထဲမှာ အရည်အသွေးအရမ်းကိုမြင့်မားတာတွေ့မြင်နေရပါတယ်။” လို့ ချီးကျူးပြောခဲ့ပါတယ်။

ယင်းကဲ့သို့ သွင်းယူနိုင်ခဲ့ခြင်းကြောင့် ယခုနှစ်၂၀၁၇-၁၈ ဘောလုံးရာသီ အမှတ်ပေးပြိုင်ပွဲမှာ သွင်းဂိုး ၁၅ ဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်ကာ ဂိုးသွင်းအများဆုံး စာရင်းတွင် ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

ဒါ့အပြင် ၁၉၉၅ ခုနှစ်က ဘလက်ဘန်း တိုက်စစ်မှူး အလန်ရှီးယား တင်ရှိထားတဲ့ နှစ်တစ်နှစ်အတွင်း သွင်းဂိုး အများဆုံး စံချိန်ကိုလည်း ၃၆ ဂိုးနဲ့ လိုက်မီခဲ့ပြီပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကိန်းအနေနဲ့ ရှီးယားရဲ့ စံချိန်ကိုကျော်ဖြတ်နိုင်ခြင်းမရှိသေးပဲ ၃၆ ဂိုးနဲ့ ဂိုးတူအနေအထားမှာသာ ရပ်တည်ထားနိုင်တာ ဖြစ်ပြီး ရှီးယားကို ကျော်ဖြတ်နိုင်ဖို့ နောက်ဆုံးအခွင့်အရေးအဖြစ် လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာကစားဖို့ ရှိနေသေးတဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ပါက နှစ်တစ်နှစ်အတွင်းဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမား ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD