AD
AD
AD

စနေနေ့က ကစားခဲ့တဲ့ဆောက်သမ်တန်အသင်းနဲ့ ဟက်ဒါဖီးလ်အသင်းတို့ပွဲစဉ်မှာ တစ်ဖက် တစ်ဂိုးစီး သရေပွဲ ဖြစ်ပေါ်ခဲ့ပါတယ်။

play

 

အဆိုပါ ပွဲစဉ်၌ ဆောက်သမ်တန်အသင်းအတွက် ၁ ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ချာလီအော်စတင်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ချက်လိုက်တယ်လို့ သိရပါတယ်။

ချာလီအော်စတင်အနေနဲ့ ဟက်ဒါဖီးလ်ဂိုးသမားနဲ့ တစ်ဦးချင်း ယှဉ်အတွေ့ ဂိုးသမား မျက်နှာကို တက်နင်းမိသလို ဖြစ်ခဲ့ရာမှာ နှစ်ဖက်ကစားသမားများ အချင်းများမှု စတင်ခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်ကို ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်တို့ တွေ့မြင်ခြင်း မရှိခဲ့သဖြင့် ဗီဒီယို ရုပ်သံမှတ်တမ်းများကနေ ပြန်လည်ကြည့်ရှုပြီးနောက် အော်စတင်ရဲ့ လုပ်ရပ်မှာ ရည်ရွယ်ချက်ရှိရှိ နင်းခဲ့တယ်လို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ယခုလို ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့တာ လည်း ဖြစ်ပါတယ်။

အော်စတင်အနေနဲ့ ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရသလို ကိုယ်တိုင်လည်း အဆိုပါပွဲစဉ်မှာ ဒူးကောက်ကြော ဒဏ်ရာ ရခဲ့လို့အနည်းဆုံး ၂ ပတ်ကြာအနားယူရတော့မှာ ဖြစ်တယ်လို့ နည်းပြ ပယ်လီဂရီနိုက ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း အော်စတင်အနေနဲ့ FA ရဲ့ ပြစ်ဒဏ်ကို ဇန်န၀ါရီလ ၆ ရက်နေ့အထိ  ကျခံရတော့မှာ ဖြစ်ပါတယ်။

အော်စတင်မှာ ဆောက်သမ်တန်အသင်းအတွက် အားထားရတဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး ယခုနှစ်ရာသီမှာ အသင်းအတွက် ၆ ဂိုးသွင်းယူပေးထားကာ ဂိုးသွင်းအများဆုံးသွင်းယူထားနိုင်သူ ဖြစ် ပါတယ်။

ယခုလို ပွဲပယ်ပြစ်ဒဏ်ကြောင့် စပါး၊မန်ယူ၊ပဲလေ့စ်အစရှိတဲ့အသင်းများနဲ့ တွေ့ဆုံတဲ့ ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD