AD
AD
AD

အာဆင်နယ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အိုလီဗီရာ ဂီရော့ဒ်အနေနဲ့ အသင်းရဲ့ လာမယ့် ပွဲစဉ်(၁၀)ပွဲတိတိ လွဲချော်ရတော့မယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

play
ဂီရော့ဒ်လွဲချော်မယ့် အာဆင်နယ်အသင်းရဲ့ ပွဲစဉ်(၁၀)ပွဲ

 

ဝက်စ်ဟမ်းအသင်းနဲ့ ကစားမယ့် ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးကောက်ကြောဒဏ် ရာကြောင့် ယခုလို လွဲချော်ရတော့မှာ ဖြစ်ပြီး နည်းပြ အာစင်ဝင်းဂါးကတော့ ၃ပတ်လောက်သာ အနားယူရဖို့ မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ဆေးအဖွဲ့ကတော့ အနည်းဆုံး ၆ ပတ်ခန့်အနားယူရတော့မှာ ဖြစ်ပြီး ဆောင်းရာသီ ပွဲစဉ်အားလုံးနီးပါးလွဲချော်ရတော့မှာလည်းဖြစ်ပါတယ်။

အဆိုးဆုံးကတော့ ဂီရော့ဒ်လွဲချော်မယ့် (၁၀)ပွဲမှာ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ချဲဆီးအသင်းနဲ့ ကစားရမယ့်ပွဲက ၃ ပွဲအထိ ပါဝင်နေတာကြောင့် အာဆင်နယ်အသင်းအတွက် နစ်နာခဲ့ရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲအပါအ၀င် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်နှစ်ပွဲကို ကစားရမှာလည်း ဖြစ်ပါတယ်။

အထောင်တိုက်စစ်မှူးဂီရော့ဒ် ဒဏ်ရာကြောင့်မပါဝင်နိုင်တော့တာကြောင့် အာစင်ဝင်းဂါး ဘယ်လိုပြင်ဆင်ထားမလဲဆိုတဲ့ မေးခွန်းကို evening standard သတင်းဌာနက မေးမြန်းခဲ့ရာမှာတော့- “ ကျွန်တော့်မှာ သီအို၊လာကာဇက်၊ဒန်နီတို့ရှိပါသေးတယ်။အဆင်ပြေရင် အထောင်နေရာမှာ အလက်ဆစ်တောင် ကစားနိုင်ပါသေးတယ်” လို့ အာစင်ဝင်းဂါးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD