AD
AD
AD

မန်ယူအသင်းဘုတ်အဖွဲ့ဝင်များအနေနဲ့ နည်းပြ မော်ရင်ဟိုကို စာချုပ်သက်တမ်းတိုးမယ့် ကိစ္စနဲ့ ပက်သက်ပြီး နှစ်ဖက်ဆွေးနွေးမှုများ မပြုလုပ်သေးဘူးလို့ သိရပါတယ်။

play

 

မော်ရင်ဟိုကိုင်တွယ်နေတဲ့ မန်ယူအသင်းအနေနဲ့ လက်ရှိအချိန်မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်ထားနိုင်ပေမယ့်လည်း ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာတော့ ဦးဆောင်ထားသူ မန်စီးတီးနောက် အမှတ်ကွာဟမှု မြင့်မားနေခဲ့ပြီဖြစ်တာကြောင့်ဆုဖလား မသေချာတဲ့ အနေအထားမှာသာရှိနေခဲ့ပါတယ်။

ဒါ့အပြင် မော်ရင်ဟိုရဲ့ ယခုနှစ်ရာသီမှာ အသုံးပြုနေတဲ့ အသင်းရဲ့ ကစားပုံကိုကြည့်ပြီး အသင်း ဘုတ်အဖွဲ့ဝင် များအနေနဲ့ မပျော်မရွှင်ဖြစ်နေတယ်လို့လည်း Mirror သတင်းဌာနရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။

မော်ရင်ဟိုရဲ့ လက်ရှိစာချုပ်သက်တမ်းအရ ၂၀၁၉ အထိ ကျန်ရှိနေသေးပြီး မနှစ်က သဘောတူညီထားမှုအရ နောက်ထပ် ၃ နှစ်စာချုပ်သက်တမ်းတိုးမယ်လို့ သဘောတူခဲ့ပေမယ့်လည်း လက်ရှိ အသင်းရဲ့ ရလဒ်တွေအရ ခေတ္တ ဆိုင်းငံ့ထားဖို့ လိုနေသေးတယ်လို့ အသင်းဘုတ်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

Source- Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD