AD
AD
AD

မန်ယူအသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ ဖယ်လိုင်နီမှာ အသင်းနဲ့ စာချုပ်သက်တမ်းထပ်မံတိုးတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

play

 

မန်ယူနည်းပြ မော်ရင်ဟိုအနေနဲ့ ဖယ်လိုင်နီကို အသင်းမှာ ဆက်လက်ရှိနေဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဖယ်လိုင် နီအနေနဲ့ အသင်းပြောင်းရွှေ့နိုင်ဖို့သာ အားသာနေခဲ့တော့တာဖြစ်တယ်လို့ Express သတင်းဌာနရဲ့ ဖော်ပြချက် အရ သိရပါတယ်။

ဖယ်လိုင်နီအနေနဲ့ ယခုနှစ်ရာသီမှာအသင်းနဲ့အတူ ၄ ပွဲသာ ပွဲထွက် ပါဝင်ခွင့်ရခဲ့ပြီး တစ်ရာသီလုံး လူပိုတစ်ယောက်လို ခံစားခဲ့ရတယ်လို့ ရင်ဖွင့်ခဲ့ပါတယ်။

“ကျွန်တော့်စိတ်ထဲမှာ လူပိုတစ်ယောက်လို ခံစားခဲ့ရပါတယ်။ဒါကြောင့် ဘယ်လို ကမ်းလှမ်းမှုမျိုးပဲ ထပ်လုပ်ထပ်လုပ် ကျွန်တော် လက်ခံတော့မှာ မဟုတ်ပါဘူး။” လို့ ဖယ်လိုင်နီက ပြောခဲ့ပါတယ်။

ဖယ်လိုင်နီအနေနဲ့ လာမယ့် ဇန်န၀ါရီမှာ သေချာပေါက် အသင်းပြောင်းတော့မှာ ဖြစ်ပြီး ကစားဖလား ပြိုင်ပွဲ ကစားခွင့်ရဖို့အတွက် ပွဲထွက်သေချာစေမယ့် အသင်းကိုပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။

အခြားသတင်းတစ်ရပ်အရ ဖယ်လိုင်နီကို တရုတ်ကလပ်အသင်းတစ်သင်းက ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD