၂၀၁၇-၁၈ ပရီးမီးယားလိဂ် ဘောလုံးရာသီ ခရီစဉ်ကတော့ လမ်းတစ်ဝက်ကို ရောက်ရှိလို့ လာခဲ့ပါပြီ။ မနက်ဖြန်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၀)ကို ကစားအပြီးမှာ ရာသီဝက်ခရီးစဉ်ဟာ ပိုမို ပီပြင်လာတော့မှာ လည်း ဖြစ်ပါတယ်။

play

လက်ရှိအချိန်ထိ ရာသီဝက်ခရီးစဉ်အတွက် ဖြစ်ပျက်ခဲ့သမျှနဲ့ အသင်းတွေရဲ့ ကိုယ်စီကိုယ်စီ အခွင့်အရေးတွေ၊ မျှော်လင့်ချက်တွေ ကို ပြန်လည်ခြုံငုံကြည့်မယ်ဆိုရင်-

ထိပ်ဆုံးက မန်စီးတီးအသင်းကတော့ ဒုတိယနေရာက မန်ယူအသင်းကို ၁၃ မှတ်အထိ အမှတ်ဖြတ်ဦးဆောင် ထားနိုင်တာကြောင့် ပရီးမီးယားလိဂ် ဆုဖလားဟာ သေချာသလောက်နီးပါး ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ဒါ့အပြင် နိုင်ပွဲဆက် အမြင့်မားဆုံးနှုန်းနဲ့ပြေးနေတဲ့ မိုးပြာရောင်တွေကိုလည်း ရပ်တန့်နိုင်မယ့်သူ မပေါ်သေးပါဘူး။ဒါကြောင့် စံချိန်တွေနဲ့ မိုးပြာရောင်တွေကတော့ အဆင့်(A)သတ်မှတ်ထားရမှာပါ။

play

 

ကျန်အသင်းတွေအကြောင်းပြောရမယ်ဆိုရင်တော့ အာဆင်နယ်အသင်းကနေ စတင်ပြောချင်ပါတယ်။ဒီလို ပြန်လည်ခြုံငုံပြောရာမှာ အသင်းတွေရဲ့ အဆင့်ရပ်တည်မှုအရ အဆင့်သတ်မှတ်ပြောချင်ပါတယ်။ပထမဆုံးအ သင်းကတော့ အာဆင်နယ်အသင်းကိုစပြောချင်ပါတယ်။အာဆင်နယ်အသင်းကို ဒီအဆင့်မှာ အဆင့်(B) သတ်မှတ် ထားပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် အဆင့် ၆မှာရပ်တည်နေတာကြောင့် အမှတ်ပေးဖလားချန်ပီယံအိပ်မက်က မဖြစ်နိုင်တော့ဘူးလို့တောင်ဆိုနိုင်ပါတယ်။ဒါပေမယ့်လည်း လိဂ်ဖလား ဆီမီးဖိုင်နယ်ကိုရောက်ရှိနေတာကြောင့် ယခုနှစ်ရာသီရဲ့အစောဆုံးဆုဖလား မျှော်လင့်ခွင့်တော့ရှိနေပါတယ်။ဒါ့ အပြင် ယူရိုပါလိဂ်မှာလည်း အခြေအနေကောင်းနေတာကြောင့် ပထမဆုံး ယူရိုပါလိဂ်ဆုဖလားကို ရယူနိုင်မလား ဆိုတာက အာဆင်နယ်ရဲ့ ဒီရာသီ အမြင့်ဆုံး ဆုလားအိပ်မက်လို့ပဲ ဆိုချင်ပါတယ်။

play

 

နောက်ထပ်အသင်းကတော့ ဂျာဂျင်ကလော့ပ်ရဲ့ လီဗာပူးအသင်းပါ။လီဗာပူးကိုလည်း အဆင့် (B)သတ်မှတ်ထား ပါတယ်။ ရာသီဝက်မှာ အဆင့် ၄နဲ့ ရပ်တည်နေတဲ့ လီဗာပူးအတွက်လည်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့်က စိန်ခေါ်မှုတွေနဲ့ပါ။ တောင်ပံကစားသမား ဆာလာ ခြေစွမ်းပြနေပေမယ့် လီဗာပူးရဲ့ ဆုဖလား မျှော်လင့်ချက်ကေ၀၀ါးဝါးပါ။ အသင်းရဲ့ တောင်ပံ ကစားသမား ဆာလာကတော့ အသင်းဂုဏ်ဆောင်နေပြီး သွင်းဂိုး ၁၅ ဂိုးနဲ့ အမှတ်ပေးပြိုင်ပွဲသွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

play

 

လန်ဒန်ကလပ် စပါးအသင်းကိုတော့ အဆင့်(B+) သတ်မှတ်လိုက်ပါတယ်။အကြောင်းကတော့ ရာသီကြိုမှာ ပြင်ဆင်မှုတွေ ကြီးကြီးမားမား ပြုလုပ်ထားကာ ၀ါယာမာ၊လော်ရန်တေး၊အူရီယာတို့ကိုခေါ်ယူထားခဲ့ပေမယ့် လည်း ပြည်တွင်းအမှတ်ပေးပြိုင်ပွဲမှာ ခြေချော်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး အဆင့် ၅ မှာသာ ရပ်တည်ထားနိုင်ခဲ့ တာဖြစ်ပါတယ်။ဟယ်ရီကိန်း ခြေစွမ်းပြနေတယ်ဆိုပေမယ့် လူငယ်ကစားသမား ဒယ်အလီ ခြေစွမ်း ပြန်လည် ပျောက်ဆုံးသွားမှုနဲ့အတူ စပါးအသင်းဟာ အာဆင်နယ်၊လက်စတာ၊မန်စီးတီးစတဲ့ အရေးကြီး ပွဲစဉ်တွေမှာ ရှုံးနိမ့်ခဲ့ပြီး အရာရာ လက်လွှတ်ရမယ့်အနေအထားမှာ ရှိနေတာကြောင့် ဖြစ်ပါတယ်။

စပါးထက် ပိုမိုအပြစ်ပြောစရာရှိနေတာကတော့ နည်းပြကွန်တီရဲ့ အပြာရောင်တပ်သားတွေလို့ ဆိုတဲ့ ချဲလ်ဆီး အသင်းပဲ ဖြစ်ပါတယ်။ချဲလ်ဆီးအသင်းအနေနဲ့ ဒီအချိန်မှာ အဆင့်(C-)သာရှိနေပါတော့တယ်။ အခိုင်မာဆုံးသော အကြောင်းပြချက်ကတော့ လက်ရှိချန်ပီယံ ချဲလ်ဆီးရဲ့ ချန်ပီယံ ကာကွယ်နိုင်တဲ့ ခြေစွမ်း လုံးဝ မရှိနေခဲ့လို့ပါပဲ။ တိုက်စစ်မှူး ဒီယေဂိုကော်စတာနဲ့ မာတစ်ကို ဆုံးရှုံးခဲ့ရပေမယ့် အစားပြန်လည်ထိုးခဲ့ခြင်း မရှိပဲ အဆင့် ၄ အတွင်းဝင်ရင် ပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ ကစားနေတာ သိသာလွန်းပါတယ်။

မန်ယူအသင်းကတော့ မနှစ်ကထက်စာရင် ဒီနှစ် အဆင့်ရပ်တည်မှုက ကျေနပ်စရာလို့ ဆိုရမှာပါ။ဒါပေမယ့် လည်း ချန်ပီယံလိဂ် ၀င်ခွင့်ကလွဲပြီး ချန်ပီယံ မျှော်လင့်ချက်မရှိသလောက်ဖြစ်နေတဲ့ အနေအထားကလည်း Special One မော်ရင်ဟိုကိုင်တွယ်နေတဲ့ ကာလမှာ သိသိသာသာပြောင်းလဲလာတယ်လို့ မဆိုနိုင်ပါဘူး။မော် ရင်ဟိုအနေနဲ့ လက်ကျန် ရာသီဝက်မှာ အပြောင်းအလဲကြီးကြီးမားမားပြုလုပ်ပြီး ချန်ပီယံဆုကို ပြန်လည်စိန်ခေါ် နိုင်စွမ်းလုပ်နိုင်ခဲ့မယ်ဆိုရင်တော့ အသိအမှတ်ပြုရမှာပါ။လောလောဆယ်တော့ မန်ယူအသင်းလည်း အဆင့်(B) သတ်မှတ်ထားနိုင်ဆဲပါ။

လက်ရှိအချိန်မှာ စွမ်းဆောင်ရည်အရ မန်စီးတီးအသင်းနဲ့ထပ်တူ ထူးထူးခြားခြား အဆင့်သတ်မှတ်ချက်(A)သတ် မှတ်ခြင်းခံထားရတဲ့အသင်းကတော့ နည်းပြဒိုင်ချီကိုင်တွယ်နေတဲ့ ဘန်လေအသင်းပဲ ဖြစ်ပါတယ်။ အသင်းလိုက် စွမ်းဆောင်ရည်နဲ့ အဆင့်ရပ်တည်တည်မှု ၇ မှာ ရပ်တည်နေတာ ယခင် လက်စတာ စီးတီးအသင်း တန်းတက်လာချိန်တုန်းက ကစားဟန်ကို ပြန်မြင်နေရသလို ရှိပါတယ်။ဘန်လေအသင်းရဲ့ လူစာရင်းနဲ့ ရာသီဝက် မှာ ယခုလိုအဆင့်တစ်ခုရောက်အောင်စွမ်းဆောင်ထားတာဟာ နည်းပြဒိုင်ချီနဲ့ သူ့ကစားသမားတွေကို မချီးကျူးပဲ မနေနိုင်ပါဘူး။

ကျန်အသင်းတွေထဲမှာတော့ နည်းပြအပြောင်းအလဲ ပြုလုပ်ထားတဲ့ ၀က်စ်ဘရွန်းအသင်းရဲ့ ထူးမခြားနားတဲ့ ပုံစံ တွေအပြင် နည်းပြ လက်မဲ့ဘ၀ရောက်နေပြီဖြစ်တဲ့ဆွမ်ဆီးနဲ့ ကစားပုံကောင်းလျက်နဲ့ ရှုံးပွဲဆက်နေရတဲ့ဘုန်းမောက်အသင်းတို့ဟာတော့ တန်းဆင်းဇုန်ထဲက မဖြစ်မနေရုန်းထွက်နိုင်မှာသာ သက်သာရာ ရတော့မှာဖြစ်ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video