AD
AD
AD

လန်ဒန်ကလပ်အသင်းများဖြစ်ကြတဲ့ ချဲလ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ဘန်လေအသင်းရဲ့ အဓိက နောက်ခံလူ တာကောစကီးလ်ကို ခေါ်ယူနိုင်ရေး အပြိုင်ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

play

 

အဆိုပါ နှစ်သင်းစလုံးအနေနဲ့ ယခုလာမယ့် ဇန်န၀ါရီဈေးကွက်မှာ ခေါ်ယူနိုင်ရေး အပြိုင်ကြိုးပမ်းနေတာ ဖြစ်ပြီး ချဲလ်ဆီးအသင်းအနေနဲ့ ပေါင် သန်း ၃၀ အထိ အသုံးပြုဖွယ်ရှိနေတယ်လို့လည်းသိရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ လီဗာပူးအသင်းကို ၃-၃ ဂိုးသရေကျခဲ့ပြီးနောက် နောက်တန်းကို အချိန်မီ ပြုပြင်ဖို့ လိုအပ်နေခဲ့တာကြောင့် လည်းအခုလို ဘန်လေ နောက်ခံလူ တာကောစကီးလ်ကို ချိတ်ဆက်နေခြင်းပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးက ထွက်ခွာဖို့ရှိနေတဲ့ နောက်ခံလူ ဒေးဗစ်လုဇ်ကို အာဆင်နယ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး ချဲလ်ဆီးအသင်းအ နေနဲ့လည်း ၎င်းတို့ခေါ်ယူချင်နေတဲ့ ဆောက်သမ်တန်အသင်းက နောက်ခံလူ ဗန်ဒိုက်ကို ခေါ်ယူနိုင်ပါက လုဇ်ကိုရောင်းချဖွယ်ရှိနေတယ်လို့ သိရ ပါတယ်။

ဒါ့အပြင် ယခု အပြိုင်ချိတ်ဆက်နေတဲ့ ဘန်လေနောက်ခံလူမှာလည်း နောက်ထပ် ခေါ်ယူမယ့် ပစ်မှတ်ကစားသမားဖြစ်နေခဲ့ပါတယ်။

လက်ရှိမှာတော့ အသက် ၂၅ နှစ်အရွယ် တာကောစကီးကို နှစ်သင်းအပြိုင်ကမ်းလှမ်းနေကြပြီး နည်းပြ ဒိုင်ချီအနေနဲ့ လာမယ့် ဇန်န၀ါရီမှာ ဘယ် အသင်းကို ရောင်းထုတ်မလဲဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source- Daily Star

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD