AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြင်သစ်လီဂူးဝမ်းအသင်းဖြစ်တဲ့ ဘော်ဒိုးအသင်းရဲ့ကစားသမား မဲလ်ကွန်ကို ခေါ်ယူနိုင်ရေးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ ဘော်ဒိုးအသင်းအတွက် ၇၆ ပွဲကစားပေးထားပြီး ၁၈ ဂိုးသွင်းယူပေးထားတဲ့ အသက် ၂၀ အရွယ် လူငယ်တိုက်စစ်မှူး မဲလ်ကွန်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ဘောလုံးရာသီမှာ ကိုရင်သီယန်အသင်းကနေ ဘော်ဒိုးအသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

play

 

လူငယ်တိုက်စစ်မှူး မဲလ်ကွန်ဟာ ဘရာဇီးယူ-၂၃ အသင်းမှာ ပါဝင်ကစားခွင့်ရရှိနေပြီး ဥရောပအသင်းကြီးတွေက စိတ်ဝင်တစားစောင့်ကြည့်ခြင်းကို ခံနေရတဲ့ ကစားသမာားဖြစ်ပါတယ်။ အာဆင်နယ်အသင်းကလည်း မဲလ်ကွန်ရဲ့ခြေစွမ်းအခြေအနေကို သိရှိနိုင်ဖို့အတွက် ကင်းထောက်တွေ စေလွှတ်ထားတယ်လို့ ပြောကြားထားပါတယ်။

play

 

ဒေးလီးမေးလ်သတင်းစာရဲ့ရေးသားချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ မဲလ်ကွန်ကို လက်ဦးမှုရယူပြီး အိုးထရက်ဖို့ဒ်ကို ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုကလည်း မဲလ်ကွန်ဟာ ဥရောပရဲ့ အကောင်းဆုံးလူငယ်ကစားသမားတွေထဲက တစ်ဦးအပါအဝင်ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ မဲလ်ကွန်နဲ့ သဘောတူစာချုပ်ချုပ်ဆိုပြီးတာနဲ့ ဘော်ဒိုးအသင်းကို အငှားပြန်ချပြီး ခြေစွမ်းတိုးတက်လာအောင် ဆက်လက်ကစားပေးစေဖို့ ခွင့်ပြုသွားမယ်လို့ သိရပါတယ်။ ဘော်ဒိုးအသင်းက မဲလ်ကွန်အတွက် ပေါင်သန်း ၅၀ လိုချင်နေပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပေါင် ၃၃ သန်းက သင့်တော်တဲ့ဈေးနှုန်းလို့ ယုံကြည်နေတာဖြစ်ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD