၂၀၁၇ ဘောလုံးရာသီတစ်ဝက်သာ ရှိသေးပေမယ့် ချန်ပီယံဖြစ်နိုင်မယ့်အသင်းကတော့ ထွက်ပေါ်နေခဲ့ပြီဖြစ်ပါတယ်။ Goal ကနေ ယခုရာသီအတွက်အကောင်းဆုံးအသင်းကို ထုတ်ပြန်ခဲ့ရာမှာ မန်စီးတီးကစားသမားတွေအများစုပါဝင်နေခဲ့ပါတယ်။

play

 

၁။ ဒေးဗစ်ဒီဂီယာ(မန်ချက်စတာယူနိုက်တက်)

ယခုရာသီမှာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဂိုးသမားကတော့ မန်ယူအသင်းရဲ့ဂိုးသမား ဒီဂီယာဆိုတာကတော့ အငြင်းပွားစရာရှိမယ်မထင်ပါဘူး။ အာဆင်နယ်အသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ် ၂ ကြိမ်ဆက်တိုက် ဂိုးပေါက်ကာကွယ်နိုင်ခဲ့ပြီး ၁၀ ပွဲဆက်တိုက် ဂိုးမပေးခဲ့ရတဲ့စံချိန်ဟာလည်း ယခုရာသီမှာ ပရီးမီးယားလိဂ်အသင်းတွေရဲ့ ဘယ်ဂိုးသမားကမှ လိုက်မမီသေးတဲ့ စံချိန်ဖြစ်ပါတယ်။

play

 

၂။ ကိုင်လီဝေါ်ကာ(မန်ချက်စတာစီးတီး)

ယခုနွေရာသီမှာ တော့တင်ဟမ်ဟော့စပါးအသင်းကနေ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဝေါ်ကာဟာ ညာနောက်ခံကစားသမားတွေထဲမှာ အကောင်းဆုံးကစားသမားတစ်ဦးလို့ ဆိုရမှာဖြစ်ပါတယ်။ ဝေါ်ကာဟာ ညာနောက်ခံနေရာမှာ ကစားရတဲ့အချိန်မှာရော၊ ကွင်းလယ်ညာတောင်ပံမှာ ကစားရတဲ့အချိန်မှာရော အကောင်းဆုံးကစားပြနိုင်တာဟာ ဝေါ်ကာအနေနဲ့ ကစားတဲ့ပွဲစဉ်တိုင်းမှာ အလွှာစုံ၊ ဘက်စုံကစားနိုင်တယ်ဆိုတာကို ပြသနေတဲ့အချက်ဖြစ်ပါတယ်။

play

 

၃။ အိုတာမန်ဒီ(မန်ချက်စတာစီးတီး)

ယခုရာသီ မန်စီးတီးအသင်းရဲ့နိုင်ပွဲတွေထဲမှာ နောက်တန်းကျောက်ဆောင်ကြီးလို မားမားမတ်မတ်ရပ်တည်နေတဲ့ ဗဟိုနောက်ခံကစားသမား အိုတာမန်ဒီရဲ့ စွမ်းဆောင်ရည်တွေလည်း တော်တော်များများပါဝင်နေပါတယ်။ ၁၇ ပွဲကစားပြီးချိန်မှာ ၄ ဂိုးအထိ ရရှိနိုင်အောင် ဘောလုံးဖြန့်ဝေပေးနိုင်ခဲ့ပြီး ဘောလုံးပေးပို့မှု ၁၆၀၇ ကြိမ်နဲ့ အသင်းဖော် ဒေးဗစ်ဆေးလ်ဗားနဲ့ ဒီဘရိုင်းတို့ထက် ဘောလုံးပေးပို့မှု ပိုမိုပြုလုပ်ထားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။

play

 

၎။ ဂျိမ်းစ်တာကောစကီး(ဘန်လေ)

ဘန်လေအသင်းရဲ့ ဗဟိုနောက်ခံကစားသမား တာကောစကီးဟာ ဘန်လေအသင်း တန်းဆင်းဇုန်ကနေ ဇယားထိပ်ပိုင်းနားအထိ ရောက်ရှိလာရတဲ့အကြောင်းအရင်းလို့ ဆိုရင်တောင် မမှားနိုင်ပါဘူး။ တာကောစကီးဟာ ဘန်လေအသင်းအတွက် ပိတ်ဆို့ကာကွယ်မှု ၂၈ ကြိမ်၊ ရှင်းထုတ်မှု ၁၄၅ ကြိမ်နဲ့ ခေါင်းတိုက်ရှင်းလင်းမှု ၉၄ ကြိမ်အထိ ပြုလုပ်ထားတဲ့ ကစားသမားဖြစ်ပါတယ်။

play

 

၅။ ဖေဘီယံဒဲ့ဖ်(မန်ချက်စတာစီးတီး)

အကောင်းဆုံး ဗဟိုကွင်းလယ်ကစားသမားအတွက်ကတော့ ပုံမှန်ခြေစွမ်းပြသနိုင်တဲ့ မန်စီးတီးကွင်းလယ်ကစားသမား ဖေဘီယံဒဲ့ဖ်ကိုပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒဲ့ဖ်ဟာ မမေ့နိုင်စရာကောင်းလောက်တဲ့ ပြုပြင်ပြောင်းလဲမှုမျိုး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက ချယ်ဆီးအသင်းရဲ့အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ် လူစာရင်းမှာ ဘယ်နောက်ခံကစားသမားအဖြစ် အကောင်းဆုံးကစားပြနိုင်ခဲ့ပြီး နေရာမရွေးကစားနိုင်တဲ့ကစားသမားဆိုတာ သက်သေပြခဲ့ပါတယ်။

play

၆။ ဒေးဗစ်ဆေးလ်ဗား(မန်ချက်စတာစီးတီး)

ဒေးဗစ်ဆေးလ်ဗားလို့ ဆိုလိုက်တာနဲ့ ကွင်းလယ်နဲ့ တိုက်စစ်မှာ လျင်လျင်မြန်မြန် ထိုးဖောက်ဖြတ်သန်းသွားတတ်တဲ့ ကစားသမားတစ်ယောက်ကို မြင်ယောင်မိမှာသေချာပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမား ဒီဘရိုင်းနဲ့ တွဲဖက်ပြီး အတွဲညီညီ ကစားနိုင်ပြီး ၁၇ ပွဲကစားပြီးချိန်မှာ ၅ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ထားတဲ့ ကစားသမားဖြစ်ပါတယ်။

play

 

၇။ ဖာနန်ဒင်ဟို(မန်ချက်စတာစီးတီး)

မန်ချက်စတာစီးတီးအသင်းရဲ့ ရပ်တန့်မရနိုင်တဲ့ နိုင်ပွဲရဲ့အင်ဂျင်လို့ ဆိုရလောက်တဲ့ကစားသမားဟာ ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟိုပဲ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဖာနန်ဒင်ဟိုဟာ ထိန်းချုပ်ရခက်ခဲတဲ့ ကွင်းလယ်တိုက်စစ်ကစားအဖြစ် ပြန်လည်မွေးဖွားလာခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားပေးခဲ့ပြီး စတုတ်စီးတီးအသင်း၊ ဝက်စ်ဘရွန်းအသင်းတို့နဲ့ပွဲစဉ်တွေမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

play

 

၈။ ကယ်ဗင်ဒီဘရိုင်း(မန်ချက်စတာစီးတီး)

ဒီဘရိုင်းဟာ မန်ချက်စတာစီးတီးအသင်းအတွက် ဂန္တဝင်ကစားသမား ဖြစ်လာနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင် ကွင်းလယ်ကစားသမားဖြစ်တဲ့ ဒီဘရိုင်းဟာ ဘောလုံးကွင်းထဲက မြက်ခင်းတွေပေါ်မှာ စည်းချက်ကျကျ ရွေ့လျားသွားလာပြီး ပြိုင်ဘက်နောက်ခံ ကစားသမားတွေ မြင်တောင်မမြင်လိုက်ရနိုင်တဲ့ တိတိကျကျပေးပို့မှုတွေ ပြုလုပ်နိုင်တဲ့သူပါ။ ဒီဘရိုင်းဟာ မန်စီးတီးအသင်းအတွက် ဂိုးဖန်တီးမှု ၈ ကြိမ်၊ သွင်းဂိုး ၆ ဂိုး သွင်းယူပေးထားပြီး တစ်ချိန်က ဘာစီလိုနာအသင်းအတွက် ဇာဗီက အရေးပါဆုံးကစားသမားဖြစ်ခဲ့သလို မန်စီးတီးအသင်းအတွက် အရေးပါဆုံးကစားသမား ဖြစ်နေပြီဖြစ်ပါတယ်။

play

 

၉။ ရာဟင်းစတာလင်(မန်ချက်စတာစီးတီး)

ယခုရာသီ ပရီးမီးယားလိဂ်မှာ ခြေစွမ်းအတိုးတက်ဆုံးကစားသမားလို့ မေးလိုက်တာနဲ့ မေးခွန်းထုတ်စရာမလိုလောက်တဲ့ကစားသမားက မန်စီးတီးအသင်းရဲ့တောင်ပံကစားသမား ရာဟင်းစတာလင်ပဲ ဖြစ်ပါတယ်။ လျှပ်စစ်လို အမြန်နှုန်းနဲ့ ဘောလုံးကို ခြေထောက်ထဲမှာ တစ်သားတည်း ရွေ့လျားစေပြီး နည်းပြ ဂွါဒီယိုလာရဲ့လက်အောက်မှာ ကြောက်စရာအကောင်းဆုံး တောင်ပံကစားသမား ဖြစ်လာခဲ့သူလည်း ဖြစ်ပါတယ်။ ယခုရာသီမှာ ၁၂ ဂိုးသွင်းယူထားပြီး မန်စီးတီးအသင်းရဲ့အဓိကကျတဲ့အစိတ်အပိုင်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

play

 

၁၀။ မိုဟာမက်ဆာလာ(လီဗာပူး)

ချယ်ဆီးအသင်းရဲ့အပယ်ခံဖြစ်ခဲ့ဖူးတဲ့ မိုဟာမက်ဆာလာဟာ ပရီးမီးယားလိဂ်ကို ယာဂန်ကလော့ပ်ရဲ့ခေါ်ယူမှုနဲ့ တစ်ကျော့ပြန်လည်ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာတဲ့ ပထမဆုံးရာသီမှာပဲ ၁၅ ဂိုးအထိ သွင်းယူထားပြီး ယခုရာသီရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ကစားသမားဖြစ်ပါတယ်။

play

 

၁၁။ လီရွိုင်းဆာနေး(မန်ချက်စတာစီးတီး)

အသက် ၂၀ အရွယ်သာရှိသေးတဲ့ လူငယ်ကစားသမားလေး ဆာနေးဟာ ယခုရာသီမှာ ၆ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ထားတဲ့ တောင်ပံကစားသမားဖြစ်ပါတယ်။ ယခုရာသီမှာတော့ ဆာနေးဟာ လူကပ်ကစားခြင်းခံထားရတဲ့အခြေအနေကနေ မယုံနိုင်စရာ လှည့်ထွက်နိုင်ပြီး ပြိုင်ဘက်တွေကို ကြောက်ရွံ့စေတဲ့ ပါရမီရှင်တစ်ဦးအဖြစ်မြင်တွေ့နေရတာကြောင့် အကောင်းဆုံးတောင်ပံကစားသမားတစ်ဦးဆိုတာတော့ မေးခွန်းထုတ်စရာလိုမယ် မထင်ပါဘူး။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video