အီတလီလူမျိုး နည်းပြကြီး ဖေဘီယိုကာပယ်လိုဟာ နည်းပြဘဝတစ်လျှောက် ကစားသမားများစွာ တွေ့ကြုံခဲ့ရတဲ့အထဲမှာ ဘရာဇီးလ်အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အကောင်းဆုံးကစားသမားဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

ကာပယ်လိုက လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကလည်း အကောင်းဆုံးကစားသမားဖြစ်ပေမယ့် မိမိနဲ့လက်တွဲခဲ့ချိန်က ဂိုးတောင် ကောင်းကောင်းမသွင်းတတ်သေးကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ကာပယ်လိုဟာ အေစီမီလန်၊ ရိုးမား၊ ရီးရဲမက်ဒရစ်၊ ဂျူဗင်တပ်၊ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ရုရှားလက်ရွေးစင်အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတစ်ဦးဖြစ်ပြီး နည်းပြဘဝတစ်လျှောက် အောင်မြင်မှုများစွာ ရရှိခဲ့ဖူးတဲ့နည်းပြလည်း ဖြစ်ပါတယ်။

play

"ကျွန်တော့်ရဲ့နည်းပြဘဝတစ်လျှောက်မှာ ကိုယ်တိုင် ကိုင်တွယ်ခဲ့ရတဲ့ကစားသမားတွေရော၊ ပြိုင်ဘက်အသင်းရဲ့ကစားသမားတွေကိုရော အများကြီး ကြုံခဲ့ရပါတယ်။ အဲဒီကစားသမားတွေ အားလုံးထဲမှာ အကောင်းဆုံးကတော့ ရော်နယ်ဒိုပါပဲ။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ သူနဲ့လက်တွဲခွင့်ရတဲ့အချိန်က သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးအချိန်ဖြစ်နေပါပြီ။ အဲဒီအချိန်က သူ့ရဲ့ခန္ဓာကိုယ်အလေးချိန်က ၉၆ ကီလိုဂရမ်(၂၁၂ ပေါင်နီးပါး)လောက် ရှိနေပါပြီ။ ဒါက ဘောလုံးသမားတစ်ယောက်အနေနဲ့ ရှိသင့်တဲ့အလေးချိန်ထက် အများကြီးပိုနေပါပြီ။ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက သူ့ကို ကျွန်တော် ကိုယ်အလေးချိန်ဘယ်လောက်ရှိလဲမေးတော့ သူက ၈၄ ကီလိုဂရမ်ရှိတယ်ဆိုလို့ ၈၈ ကီလိုဂရမ်လောက်ဖြစ်အောင် လုပ်ဖို့ ပြောခဲ့ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် သူက အကောင်းဆုံးကစားသမားပါ"လို့ ပြောကြားခဲ့ပါတယ်။

play

 

ဂျူဗင်တပ်၊ အေစီမီလန်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီအသင်းတို့မှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး လက်ရှိအချိန် မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားနေတဲ့ အီဘရာဟီမိုဗစ်နဲ့ပတ်သက်ပြီးတော့လည်း ခုလိုဆက်လက်ပြောကြားခဲ့ပါတယ်။

"ဂျူဗင်တပ်ကို သူ စပြီးရောက်တဲ့အချိန်တုန်းက ဂိုးကန်သွင်းချက်တွေက မကောင်းသေးပါဘူး။ အေဂျက်အသင်းက သူ့ရဲ့ခြေစွမ်း တိုးတက်လာနိုင်စရာမရှိဘူးလို့ ယူဆပြီး ကျွန်တော်တို့ဆီ ရောင်းခဲ့တာပါ။ သူတို့က မီဒိုကိုပဲ အသင်းမှာ ဆက်ထိန်းထားချင်ခဲ့တာလေ။ မိုဗစ်ရဲ့ပြောင်းရွှေ့ကြေး ယူရို ၁၆ သန်းကို ၄ ရစ်ခွဲပြီး ပေးလို့ရတယ်ဆိုတော့ သက်သက်သာသာနဲ့ ရခဲ့တာပါ။ သူ့ကို အပြင်းအထန် လေ့ကျင့်ပြုပြင်ပေးခဲ့တာကြောင့် သူ အကောင်းဆုံးကစားသမားတစ်ယောက် ဖြစ်လာခဲ့တာပါ"လို့ ပြောကြားသွားခဲ့ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video