AD
AD
AD

ချယ်ဆီးအသင်းရဲ့နည်းပြကွန်တီဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူချင်တဲ့ ကစားသမား ၃ ဦးကို အတည်ပြုခဲ့ပြီး ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလကလို မဖြစ်အောင် အစီအစဉ်တွေ ပြုလုပ်နေတယ်လို့ ဒေးလီးမေးလ်ရဲ့ရေးသားချက်အရ သိရပါတယ်။

play

 

ပြီးခဲ့တဲ့နွေရာသီမှာ ချယ်ဆီးအသင်းဟာ အဓိက ပစ်မှတ်တွေဖြစ်တဲ့ လူကာကူနဲ့ ရော့စ်ဘာကလေတို့ကို မခေါ်ယူနိုင်ခဲ့ဘဲ အပြောင်းအရွှေ့ဈေးကွက်လုပ်ဆောင်မှုဟာ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ အင်္ဂလန်ကို စတင်ရောက်ရှိတဲ့ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပေမယ့် ဒုတိယရာသီမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

play

ကွန်တီဟာ ဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးအသင်းနဲ့ ၁၆ မှတ်အထိ ကွာဟနေပြီး ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်မှာ ဘာစီလိုနာအသင်းကို အနိုင်ယူနိုင်ဖို့အတွက် မျှော်လင့်နေတာဖြစ်ပါတယ်။ လာမယ့်အပတ်မှာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက် စတင်ဖွင့်လှစ်တော့မှာဖြစ်ပြီး ကွန်တီက ချယ်ဆီးအသင်း ဘုတ်အဖွဲ့ကို တိုက်စစ်ကစားသမားတစ်ဦးကို ကျိန်းသေခေါ်ယူပေးဖို့ ဖိအားပေးနေတာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ မိုရာတာမပါဝင်တာကြောင့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

play

 

The Mirror သတင်းဌာနရဲ့ပြောကြားချက်အရ ကွန်တီဟာ မိုနာကိုအသင်းက သောမတ်လီမာ၊ လေဗာကူဆင်အသင်းတောင်ပံကစားသမား လီယွန်ဘိုင်လေးနဲ့ အဲဗာတန်အသင်းက ရော့စ်ဘာကလေတို့ကို ခေါ်ယူပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ လာမယ့်ဇန်နဝါရီလအတွက် အစီအစဉ်ကို မေးမြန်းခဲ့ရာမှာ ကွန်တီက "အခုအချိန်မှာ ဘယ်သူ့ကို ခေါ်ယူမယ်ဆိုတာကို ပြောဖို့ အချိန်မဟုတ်သေးဘူးလို့ထင်တယ်။ အဲဒီစကားတွေကို လူတွေအားလုံးသိအောင် ပြောမပြချင်ပါဘူး"

"ကျွန်တော့်ကစားသမားတွေနဲ့အတူတူ လက်တွဲရတာ အရမ်းပျော်ရွှင်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့လူစာရင်းက ပြိုင်ပွဲစုံမှာ ယှဉ်ပြိုင်ဖို့အတွက် လုံလောက်ရဲ့လားဆိုတာကတော့ အချိန်ကပဲ ပြောသွားပါလိမ့်မယ်"

"ဒီယူဆချက်က အသင်းနဲ့အတူ လုပ်ဆောင်သွားရမယ်လို့ ထင်ပါတယ်။ အဲဒါကို သူတို့ကို နေရာမှန်၊ အချိန်မှန်တာနဲ့ ပြောဖြစ်အောင် ပြောမှာပါ"

"အသင်းနဲ့စကားပြောတဲ့အခါကျရင် ကျွန်တော့်ရဲ့အတွေးအမြင်ကို သူတို့ကို ပြောပြမှာပါ။ ဒါပေမယ့် နောက်ဆုံးကျရင် အသင်းက နောက်ဆုံးစကားတစ်ခုပြောပါလိမ့်မယ်။ ပြီးခဲ့တဲ့ နွေရာသီကလို၊ ပြီးခဲ့တဲ့ ရာသီကလို၊ ပြီးတော့ ဇန်နဝါရီလကျရင်လည်း အဲဒီလိုပဲ ဖြစ်ဦးမှာပါ"လို့ ပြောကြားသွားခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD