ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ Boxing Day ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချယ်ဆီးအသင်းနဲ့ ဘရိုက်တန်အသင်းတို့ရဲ့ ပွဲစဉ်မှာ ချယ်ဆီးအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ပထမပိုင်းစတင်ချိန်ကတည်းက ချယ်ဆီးအသင်းက တိုက်စစ်ဆင်ကစားခဲ့ပြီး အားထားရတဲ့ တိုက်စစ်မှူး မိုရာတာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းရဲ့ဂိုးပေါက်ကို အကြိမ်ကြိမ် ထိုးဖောက်တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး အဆုံးသတ်သွင်းယူရာမှာ လွဲချော်နေတာကြောင့် ဂိုးရရှိခဲ့ခြင်းမရှိပါဘူး။

play

 

ဒုတိယပိုင်းပြန်လည်စတင်ပြီး ၄၆ မိနစ်မှာ ချယ်ဆီးအသင်းရဲ့တိုက်စစ်မှူး မိုရာတာက အက်ဇ်ပလီကူရယ်တာရဲ့ဖြတ်တင်ပေးပို့မှုကနေတစ်ဆင့် အမှားအယွင်းမရှိ ပိတ်သွင်းယူပြီး ချယ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။

play

 

ဘရိုက်တန်အသင်းဟာ ဒုတိယပိုင်းမှာ တိုက်စစ်ဆင်ကစားနိုင်ခဲ့ခြင်းမရှိဘဲ ချယ်ဆီးအသင်းကသာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားနိုင်ခဲ့ပါတယ်။ မိနစ် ၆၀ မှာ ဖာဘရီဂတ်စ်ရဲ့အကွက်မြင်မြင် ဖန်တီးပေးပို့မှုကို မားကို့စ်အလွန်ဆိုက ပိတ်သွင်းယူပြီး ချယ်ဆီးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ပွဲပြီးဆုံးချိန်အထိ ဘရိုက်တန်အသင်းဟာ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ယနေ့ပွဲစဉ်မှာ ချယ်ဆီးအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ဒုတိယနေရာက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၁ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video