AD
AD
AD

ခရစ္စမတ်ည ၁၂ နာရီအချိန်က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လီဗာပူးအသင်းနဲ့ ဆွမ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ လီဗာပူးအသင်းက ခြေစွမ်းပြကာ ၅-၀ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

play

 

လီဗာပူးအသင်းအတွက် ဂိုးတွေကိုတော့ ဖာမီနိုက ၂ ဂိုး၊ကော်တင်ဟို၊ချိန်ဘာလိန်နဲ့ အာနိုးတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကြပါတယ်။

play

 

ယခုပွဲအနိုင်ရလဒ်ကြောင့် လီဗာပူးအသင်းအနေနဲ့ ရမှတ် ၃၈ မှတ်နဲ့ အဆင့် ၄ နေရာမှာ ဆက်လက်ရပ်တည်ထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ယခုလို ဂိုးပြတ်နိုင်ပွဲကြောင့်လည်း ၂၀၁၇-၁၈ ဘောလုံးရာသီအတွင်း ဥရောပ ထိပ်တန်းလိဂ် (၅)ခုမှာ ပီအက်ဂျီအသင်းနဲ့ မန်စီးတီးအသင်းတို့ကလွဲရင် လီဗာပူးအသင်းဟာ ကျန်အသင်းများထက် သွင်းဂိုးပိုမိုရယူထားနိုင်ခဲ့ပါတယ်။ပီအက်ဂျီအသင်းက ပြိုင်ပွဲစုံ ၈၉ ဂိုး၊ မန်စီးတီးအသင်းက ၇၇ ဂိုးနဲ့ လီဗာပူးအသင်းက ၇၅ ဂိုးသွင်းယူထားပါတယ်။

၅ ဂိုးပြတ်နိုင်ပွဲမှာ ယခုနှစ်ရာသီအတွက် လေးပွဲမြောက် ဂိုးအပြတ်ဆုံးနိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပြီး လီဗာပူးအသင်းလို အခြားဘယ်အသင်းမှ ၅ ဂိုးနဲ့အထက် ဂိုးပြတ်နိုင်ပွဲ ၄ပွဲအထိ မရရှိသေးတာလည်း ဖြစ်ပါတယ်။ဒါပေမယ့် မန်စီးတီးအသင်းကလည်း လီဗာပူးအသင်းနဲ့ အတူ ၅ ဂိုးနဲ့အထက် ဂိုးပြတ်နိုင်ပွဲ ၄ပွဲရယူထားနိုင်ပါတယ်။

play

 

ယခုပွဲမှာ ဂိုးတစ်ဂိုးရယူနိုင်ခဲ့တဲ့ ကော်တင်ဟိုကလည်း ဂိုးစည်းအပြင်ဖက်ကနေ သွင်းယူတဲ့ ၁၉ ဂိုးမြောက် ပရီးမီးယားလိဂ်သွင်းဂိုးလည်း ဖြစ်ပြီး တစ်ချိန်က လီဗာပူး ကစားသမားများဖြစ်ကြတဲ့ ဖောင်လာနဲ့ ဂျာရတ်တို့ကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တောင်ပံကစားသမား ဆာလာမှာလည်း ပွဲစဉ်၂၀မှာ သွင်းယူခဲ့တဲ့ ဂိုး ၂၀ မှာ ပါဝင်ပတ်သက်ခဲ့တဲ့သူ ဖြစ်လာခဲ့ပြီး ၁၅ ဂိုးသွင်းကာ ၅ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

လီဗာပူးအသင်း ၅ဂိုးနှင့်အထက် သွင်းယူကာ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်တွေကတော့ ချန်ပီယံလိဂ်အုပ်စုတွင်းပွဲစဉ်များဖြစ်တဲ့ မာရီဘောအသင်းနဲ့ စပါတပ်မော်စကိုအသင်းတို့ကို ၇-၀ ဂိုးစီနဲ့လည်းကောင်း၊ဘရိုက်တန်အသင်းကို ၅-၁ ဂိုးနဲ့လည်းကောင်း၊ယခု ဆွမ်ဆီးအသင်းကို ၅-၀ ဂိုးနဲ့ လည်း ကောင်းအသီးသီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ယခုပွဲအနိုင်ရလဒ်နဲ့ ပက်သက်ပြီး နည်းပြ ဂျာဂျင်ကလော့ပ်က -"ပြီးပြည့်စုံတဲ့ ရလဒ်တစ်ခုအတွက် ကျွန်တော် မပျော်ပဲ မနေနိုင်ပါဘူး။ဘယ်သူမှ ဒဏ်ရာ ရကြလိမ့်မယ်လို့လည်း မထင်ပါဘူး။အရေးကြီးဆုံးက ၃ မှတ်ရဖို့ပါ။ အခုလို ၅ ဂိုးပြတ်အနိုင်၊ပေးဂိုးလုံးဝမရှိပဲ အနိုင်ရခဲ့တာကတော့ ဂုဏ်ယူစရာပါပဲ။" လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

လီဗာပူးအသင်းအနေနဲ့ Boxing Day အပြီးမှာ လာမယ့် စနေနေ့တွင် လက်စတာစီးတီးအသင်းကို အိမ်ကွင်းမှာဆက်လက် ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD