AD
AD
AD

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ Boxing Day ပွဲစဉ်မှာ ၂-၂ ဂိုး သရေကျခဲ့ပြီးနောက် မန်ယူအသင်းအတွက် ကစားသမားခေါ်ယူ ဖို့ ပေါင် သန်း ၃၀၀ ထုတ်ပေးခဲ့တာတောင် လုံလောက်မှုမရှိခဲ့ဘူးလို့ နည်းပြမော်ရင်ဟိုက ညည်းတွား ပြောဆိုလိုက်ပါတယ်။

play

 

အဆိုပါ ပွဲစဉ်တွင် မန်ယူ အသင်းမှာ အဓိက ကစားသမားများကို ပွဲထုတ်အသုံးပြုခဲ့ပေမယ့်လည်း ဧည့်သည် ဘန်လေအသင်းရဲ့ ဖိအားပေးခြင်း ကိုသာ ခံခဲ့ရပြီး လင်ဂတ်ရဲ့ မိနစ် (၉၀)အလွန်သွင်းဂိုးကြောင့်သာ အိမ်ကွင်းမှာ အရှက်တကွဲ မရှုံးနိမ့်ခဲ့ရခြင်းလည်း ဖြစ်ပါတယ်။

play

 

ပွဲအပြီးမှာတော့-"ဒီနှစ်က ကျွန်တော်တို့အတွက် ဒုတိယအကြိမ်မြောက် အသင်းကို အကောင်းဆုံး ပြန်လည်တည်ဆောက်နေတဲ့ နှစ်လို့ပြောချင် ပါတယ်။လက်ရှိအချိန်ထိတော့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လို့မလွယ်သေးပါဘူး။

အဓိက ကစားသမားတွေကို အားဖြည့်ခေါ်ယူ ခဲ့ပေမယ့်လည်း ဘာမှ ထူးခြားလာခြင်းမရှိပဲ လုံလောက်မှု မရှိသေးတဲ့ အခြေအနေတစ်ရပ်ကိုသာ ညွန်းဆိုနေပါတယ်။

ကျွန်တော်တို့က သမိုင်းရှိ တဲ့အသင်းပါ။အခြားအသင်းတွေအတွက် နိုင်ပွဲရဖို့ တာဝန်ရှိချင်မှ ရှိကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက်တော့ အပြည့်အ၀ရှိနေတဲ့ ဒီလိုအချိန်မျိုးမှာ နိုင်ပွဲရအောင်မစွမ်းဆောင်နိုင်တာ ဒီလူအင်အားနဲ့ ဒီငွေကြေးသုံးစွဲမှုနဲ့ မလုံလောက်ဘူးလို့ ပြနေတာပါပဲ။" လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းအနေနဲ့ မော်ရင်ဟိုရောက်ရှိလာပြီး ၂၀၁၆ ခုနှစ်တွင် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ ပေါ့ဘာကိုလည်းကောင်း၊ နောက်ခံလူ ဘိုင်လီကို ပေါင် သန်း ၃၀နဲ့လည်းကောင်း၊ကွင်းလယ်လူ အမ်ခီတာယန်းကို ၂၆.၃ သန်းနဲ့လည်းကောင်း အသီးသီးခေါ်ယူခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာလည်း အဲဗာတန်တိုက်စစ်မှူး လူကာကူကို ၇၅သန်းနဲ့လည်းကောင်း၊တစ်ဆက်တည်းမှာပင် လင်ဒီလော့ဒ်ကို ၃၁သန်းနဲ့လည်းကောင်း၊နောက်ဆုံး မာတစ်ကို ပေါင် သန်း ၄၀နဲ့လည်းကောင်း ခေါ်ယူမှုများပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ခေါ်ယူမှုရဲ့ တန်ဖိုးစုစုပေါင်းမှာ ၂၉၁.၃ သန်း အထိ ရှိခဲ့ပေမယ့်လည်း အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်ပိုင်းကို နည်းပြ မော်ရင်ဟိုက အားရကျေနပ်မှု မရှိသေးပဲ မနေ့က သရေကျခဲ့တဲ့ပွဲအပြီးမှာတော့ ယခုလို လှောင်ပြောင် ပြောဆို ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မန်ယူအသင်းအနေနဲ့ သရေကျခဲ့တာကြောင့် မန်စီးတီးအသင်းနဲ့ ၁၂ မှတ်ကွာ အနေအထားမှာ ရှိနေပေမယ့်လည်း ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ မန်စီးတီးအသင်းအနေနဲ့ ထပ်မံအနိုင်ရခဲ့ပါက ၁၅မှတ်အထိကွာ အနေအထားကို ရောက်ရှိသွားမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ဆုဖလားမျှော်လင့်ချက် ပိုလို့ ဝေးကွာရတော့မှာလည်း ဖြစ်ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD