AD
AD
AD

မန်ယူအသင်းကို နည်းပြမော်ရင်ဟို ပုံဖော်ထားတဲ့ အခြေအနေနဲ့ ပက်သတ်ပြီးအသင်းရဲ့ ဂန္တဝင်နည်းပြ ဖာဂူဆန်က မှတ်ချက်ပေး ပြောကြားလိုက်ပါတယ်။

လက်ရှိဘောလုံးရာသီမှာ မန်ယူအသင်းက အမှတ်ပေးဇယားဒုတိယနေရာ ရပ်တည်ပေမယ့် ထိပ်ဆုံးက မန်စီးတီး အသင်းနဲ့ ၁၃ မှတ်ကွာဟလျက်ရှိပါတယ်။

play


အသင်းရလဒ်ကောင်းဖို့ ရုန်းကန်နေရပေမယ့် နည်းပြမော်ရင်ဟိုဟာ သူ့ကိုင်စွဲထားတဲ့ ကစားကွက်နဲ့ ပုံစံကိုတော့ စွန့်လွှတ်မှာမဟုတ်ဘူးလို့ ထင်ကြောင်း ဖာဂူဆန်က ပြောခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းနဲ့ မော်ရင်ဟိုအပေါ် ဖာဂူဆန်ဒီလိုမှတ်ချက်ပေးခဲ့တယ်ဆိုတာကို အသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်သူ ဒွိုက်ယော့ခ်က ပြန်လည်ပြောပြခဲ့တာဖြစ်ပါတယ်။

play


“ သူ့ရဲ့ မန်နေဂျာဘဝတလျောက်လုံး ဒီပုံစံနဲ့ပဲ အောင်မြင်လာတာလေ။ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ဆာအဲလက်စ်နဲ့ ကျနော် ဒီအကြောင်းပြောဖြစ်သေးတယ်။ မော်ရင်ဟိုက ဒီပုံစံနဲ့ အောင်မြင်လာတာဆိုတာ သူ့ရဲစတိုင်ကို လွယ်လွယ်နဲ့ ပြောင်းမှာမဟုတ်ဘူးလို့ ဆာအဲလက်စ်ကလည်း ထင်နေတယ်။ သူ(မော်ရင်ဟို) အတွက်လည်း ပြောင်းဖို့မှ မလိုအပ်သေးတာဘဲ” လို့ ဒွိုက်ယော့ခ်က ပြောခဲ့တာဖြစ်ပါတယ်။

play


မန်ယူအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲလုံးမှာ နိုင်ပွဲမရဘဲ ရုန်းကန်ခဲရတာ ဖြစ်ပါတယ်။ လက်စတာနဲ့ပွဲမှာလည်း ဦးဆောင်ဂိုးသွင်းပြီးမှ ချေပဂိုးပေးခဲ့ရလို့ နိုင်ပွဲပျောက်ခဲ့ပြီး ဘန်လေနဲ့ ပွဲမှာလည်း ဦးဆောင်ဂိုးတွေ ပေးခဲ့ရလို့ နောက်က ချေပဂိုးလိုက်သွင်းပြီး သရေရအောင် ယူခဲ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD