AD
AD
AD
play

 

မန်ချက်စတာစီးတီးအသင်းဟာ ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ စတားလင်းရဲ့သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယနေရာက မန်ချက်စတာယူနိုက်တက်အသင်းကို ၁၅ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ ခံစစ်အသားပေးထားတဲ့ နယူးကာဆယ်အသင်းကို ထိုးဖောက်တိုက်စစ်ဆင်ဖို့ ရုန်းကန်ခဲ့ရပြီး အခွင့်အရေးတွေ ရရှိခဲ့ချိန်မှာလည်း တိုက်စစ်မှူးဖြစ်တဲ့ အဂူရိုက ဖြုန်းတီးပစ်ခဲ့ပါတယ်။ နယူးကာဆယ်အသင်းဟာ ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးတွေရရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေခဲ့တာကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။

play

 

မန်ချက်စတာစီးတီးအသင်းဟာ နယူးကာဆယ်ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ၁၈ ပွဲဆက်နိုင်ပွဲရရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ ပွဲစဉ်ဆက်တိုက်အနိုင်ရရှိမှုအများဆုံးအသင်းအဖြစ် စံချိန်တင်နိုင်ခဲ့သလို ၂၀၀၈ ခုနှစ်က ချယ်ဆီးအသင်း စံချိန်တင်ထားခဲ့တဲ့ ၁၁ ပွဲဆက်တိုက် အဝေးကွင်းနိုင်ပွဲရရှိမှုစံချိန်ကိုလည်း လာမယ့် ခရစ်စတယ်ပဲလေ့စ်အသင်းအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ အနိုင်ရရှိခဲ့မယ်ဆိုရင် လိုက်မီသွားမှာဖြစ်ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD