play

 

အာဆင်နယ်အသင်းရဲ့နည်းပြ အာစင်ဝင်းဂါးဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲမှာ ဘယ်နောက်ခံလူနေရာအတွက် မိတ်လန်းနိုင်းစ်ကို နေရာပေးခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီက ရှော်ကေးအသင်းကနေ ခေါ်ယူထားခဲ့တဲ့ ကိုလာစီနက်ကို အရန်ခုံမှာသာ ထိုင်စေခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းအတွက် ယခုရာသီမှာ ၁ ဂိုး သွင်းယူပေးထားပြီး ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ထားခဲ့တဲ့ ကိုလာစီနက်ဟာ အာဆင်နယ်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ မပါဝင်စေတဲ့ အာစင်ဝင်းဂါးရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အကြီးအကျယ်စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

play

 

ယင်းပြောကြားမှုနဲ့ပတ်သက်ပြီး နည်းပြ အာစင်ဝင်းဂါးက ကိုလာစီနက်အနေနဲ့ အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိတဲ့အကြောင်းနဲ့ ဘာကြောင့် ချန်လှပ်ထားခဲ့ရတယ်ဆိုတာကို တုန့်ပြန်ပြောကြားခဲ့ပါတယ်။

"သူက နောက်တန်းတောင်ပံနေရာအတွက် အရမ်းသင့်တော်ပါတယ်။ တိုက်စစ်အတွက်ဆို ပိုတောင် သင့်တော်ပါသေးတယ်"

"ကျွန်တော့်အနေနဲ့ သူ ပြန်ပြီး ကစားခွင့်ရမယ်လို့ ထင်ပါတယ်။ ပြီးတော့ သူ့ကို ခဏအနားပေးထားတာလည်း ပါပါတယ်။ သူက အရမ်းကို ကြိုးစားတဲ့ကစားသမားတစ်ယောက်ပါ။ ဒါကြောင့် နောက်တန်း ၄ ယောက်မှာ သူ ပြန်ပြီး ကစားနိုင်မယ်ထင်ပါတယ်"

"ကျွန်တော့်အနေနဲ့ကတော့ အသင်းကို လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က နောက်တန်း ၃ ယောက်ထဲနဲ့လည်း ကစားနိုင်စွမ်းရှိလို့ပါ။ အခု အသင်းက နောက်တန်း ၃ ယောက်ကစားကွက်နဲ့ရော နောက်တန်း ၄ ယောက်ကစားကွက်နဲ့ပါ လေ့ကျင့်နေတာကြောင့် ဘယ်ကစားကွက်မဆို လိုက်လျောညီထွေဖြစ်အောင် ပြုပြင်နိုင်ပါတယ်"

"ဒါပေမယ့် ကျွန်တော်တို့ ဂိုးတွေ သွင်းသင့်သလောက် မသွင်းနိုင်သေးပါဘူး။ ဒါကြောင့် ကျွန်တော် ကစားကွက်ကို ပြောင်းလိုက်တာပါ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video