အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း အလန်ရှီးယားရားဟာ လီဗာပူးအသင်းက ဆောက်သမ်တန်အသင်းရဲ့နောက်ခံကစားသမား ဗန်ဒိုက်ကို လာမယ့်ဇန်နဝါရီလမှာ ပေါင် ၇၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီခဲ့တာကို ပြစ်တင်ခဲ့ပြီး ယင်းဈေးနှုန်းနဲ့ ထိုက်တန်မှုရှိတဲ့ ကစားသမား မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

play

 

လီဗာပူးအသင်းဟာ ယမန်နေ့က ဗန်ဒိုက်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး လာမယ့် ဇန်နဝါရီလမှာ အသင်းနဲ့ လာရောက်ပူးပေါင်းတော့မှာဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ လီဗာပူးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာကြောင့် ဘောလုံးသမိုင်းတစ်လျှောက်မှာ ဈေးအကြီးဆုံး နောက်ခံကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့နွေရာသီက မန်ချက်စတာစီးတီးအသင်းဟာ မိုနာကိုအသင်းရဲ့ဘယ်နောက်ခံကစားသမားကို ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းနဲ့ ခေါ်ယူခဲ့ပြီး ဘောလုံးသမိုင်းတစ်လျှောက်မှာ ဈေးအကြီးဆုံး နောက်ခံကစားသမားအဖြစ် မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ ယခု လီဗာပူးအသင်းက ဗန်ဒိုက်ကို ပေါင် ၇၅ သန်းနဲ့ခေါ်ယူပြီး စံချိန်သစ်တစ်ခု ရေးထိုးခဲ့တာလည်းဖြစ်ပါတယ်။

play

 

"သူက အဲဒီလောက် မတန်ပါဘူး။ လီဗာပူးအသင်းက ကြံရာမရဖြစ်နေတဲ့အချိန်ဆိုတော့ ဆောက်သမ်တန်အသင်းက ကြိုက်တဲ့ဈေး ပြောနိုင်တာပေါ့"

"ကျွန်တော်တို့ ဒီရာသီမှာ အကြိမ်ပေါင်းများစွာ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရတဲ့အတိုင်း လီဗာပူးအသင်းဟာ ဗဟိုခံစစ်ပိုင်းမှာ ဆိုးဆိုးရွားရွား လိုအပ်ချက်တွေရှိနေခဲ့ပါတယ်။ သူက ကောင်းပါတယ်။ ဒါပေမယ့် ပေါင် ၇၅ သန်းဆိုတာတော့ မတန်ပါဘူး"

"သူက ကောင်းမွန်တဲ့ ဗဟိုခံစစ်ကစားသမားပါ။ ဒါပေမယ့် ပေါင် ၇၅ သန်းဆိုတာတော့ မဖြစ်နိုင်ပါဘူး။ လီဗာပူးအသင်းက နောက်တစ်ခါ ဂိုးသမားလိုအပ်လာလို့ ထပ်ပြီး ခေါ်ယူဖို့ကြိုးစားတဲ့အခါကျရင်လည်း သူတို့ အခုလိုပဲ မတန်တဆဈေးနဲ့ပဲ ထပ်ဝယ်ရဦးမှာပဲ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video