အင်္ဂလန်ပရီးမီးယားလိဂ် ကလပ် အဲဗာတန်အသင်းမှာ တူရကီကလပ် ဘီဆစ်တပ်အသင်းမှ တူရကီ လက်ရွေးစင် တိုက်စစ်မှူး ဆန့် တိုဆန်ကို ပေါင် ၂၅ သန်းနဲ့ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိထားပြီ ဖြစ်တယ်လို့ သိရပါတယ်။

play

 

နည်းပြ ဆမ်အလာဒိုက်အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်တိုက်စစ်မှူး ဂီရော့ဒ်ကို မခေါ်ယူနိုင်ခဲ့ပြီးနောက် အခြား တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူနိုင်ရေး ရှားဖွေနေတာလည်း ဖြစ်ပါတယ်။

ယခု ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတဲ့ တိုဆန်မှာ အသက် ၂၆ နှစ်သာရှိသေးပြီး ဘီဆစ်တပ်အသင်းအတွက် ၉၁ ပွဲကစားကာ ၄၆ ဂိုးအထိ သွင်းယူပေးထားနိုင်သူ ဖြစ်ပါတယ်။

တိုက်စစ်မှူး လူကာကူကို မန်ယူအသင်းထံရောင်းချပြီးနောက် တိုက်စစ် ပြဿနာနဲ့ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပြီး နည်းပြ ရော်နယ်ကိုးလ်မန်းလက် ထက်မှာ အဲဗာတန်အသင်း ရလဒ်တွေ ဆိုးရွားနေခဲ့ရပါတယ်။

ယခု နည်းပြ ဆမ်အလာဒိုက်လက်ထက်မှာတော့ ရဒ်တွေ ပြန်ကောင်းမွန်လာပြီး မနက်ဖြန်မှာ တိုဆန် ရောက်ရှိလာမယ်လို့လည်း နည်းပြ အလာဒိုက်က အတည်ပြု ပြောကြားခဲ့ပါတယ်။

တိုဆန်အတွက် ကနဦးအပြောင်းအရွှေ့မှာ ပေါင် သန်း ၂၀သာ ပေးချေရမှာ ဖြစ်ပြီး ၎င်းရဲ့ ခြေစွမ်းပေါ်မူတည်ပြီး နောက်ထပ် ၅ သန်း ထပ်တိုးပေးရမှာလည်း ဖြစ်ပါတယ်။

အဲဗာတန်အသင်းမှာ ၂၀၁၇ ခုနှစ် နောက်ဆုံးအပတ်မှာ ဘုန်းမောက်အသင်းနဲ့ကစားရမှာ ဖြစ်ပြီး အဲ့ဒီပွဲစဉ်ကိုတော့ တိုဆန် ပါဝင်နိုင်အုံးမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video