play

 

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းမှာ နည်းပြခဲ့စဉ်ကအတိုင်း မန်စီးတီးအသင်းကို တစ်ချက်ထိ ပေးပုံစံနဲ့ လျင်လျင်မြန်မြန်တိုက်စစ်ဆင်တဲ့ကစားကွက်ကို အသုံးပြုပြီး ဇယားထိပ်ဆုံးမှာ ရပ်တည်စေနိုင်တဲ့ နည်းပြဖြစ်ပါတယ်။

play

 

လက်ရှိကစားပုံအရ မန်ချက်စတာစီးတီးအသင်းကို ရပ်တန့်နိုင်မယ့်အသင်း မရှိသလောက် ဖြစ်နေတာဖြစ်ပြီး ဒုတိယနေရာက မန်ချက်စတာယူနိုက်တက်အသင်းကိုလည်း ၁၅ မှတ်ဖြတ်ထားတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုအတွက် သေချာသလောက်ဖြစ်နေပေမယ့် နည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ်မှာတော့ ချန်ပီယံဖြစ်ဖို့ မဖြစ်နိုင်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းပတ်လည် ရှုံးထွက်အဆင့်မှာ ဘေဆယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကို ရယူဖို့အတွက် ပြေးလမ်းတစ်လျှောက်မှာ ကြီးမားတဲ့အရာတစ်ခုက ပိတ်ဆို့နေတယ်လို့ ယုံကြည်နေပြီး ယင်းအရာက ဘာစီလိုနာအသင်းလို့ ပြောကြားခဲ့ပါတယ်။

play

 

နယူးကာဆယ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး ဂွါဒီယိုလာကို ချန်ပီယံလိဂ်မှာလည်း ဗိုလ်စွဲနိုင်မယ်လို့ ယုံကြည်လားလို့ မေးခဲ့တဲ့အခါ ပက်ဂွါဒီယိုလာက ယခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

ဂွါဒီယိုလာ-"မက်ဆီက ဘယ်သူ့အတွက် ကစားပေးနေတာလဲ"

သတင်းထောက်-"ဘာစီလိုနာ"

ဂွါဒီယိုလာ-"အဲဒါဆို သူတို့က ချန်ပီယံဖြစ်ဖို့ အသေချာဆုံးပေါ့"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video