AD
AD
AD

၂၀၁၇ခုနှစ်ရဲ့ ပရီးမီးယားလိဂ်နေ့ရက်တွေကတော့ ကုန်ဆုံးလုနီးပါးဖြစ်နေပါပြီ။မကြာခင်မှာ၂၀၁၇ခုနှစ်ကို နှုတ်ဆက်ပြီး ၂၀၁၈ ခုနှစ်ကို ကြိုဆိုကြ ရတော့မှာဖြစ်ပါတယ်။

ပြိုင်ဆိုင်မှုတွေ ပြင်းထန်စွာ ပေါက်ကွဲခဲ့ကြတဲ့ ၂၀၁၇ခုနှစ်မှာ ဘယ်အရာတွေက ဘယ်လိုတွေ စိုးမိုးနိုင်ခဲ့သလဲဆိုတာကို တစ်ချက်လောက်ပြန် လည် ဆန်းစစ်ကြည့်ရမယ်ဆိုရင်တော့ -

မန်စီးတီး(၂၀၁၇ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးအသင်း)

၂၀၁၇ခုနှစ်အတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးအသင်းအဖြစ် လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်းကို ကျော်ဖြတ်ကာ မန်စီးတီးအသင်း ရပ်တည်နိုင်ခဲ့ပါတယ်။အဓိက အကြောင်းရင်းကတော့ ၂၀၁၆-၁၇ ဘောလုံးရာသီအတွက် ၂၀၁၇ ခုနှစ်အတွင်းဆက်လက်ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ် တွေအပါအ၀င် ယခုနှစ် ၂၀၁၇-၁၈ ဘောလုံးရာသီအတွက် ဆက်လက်ကစားတဲ့ပွဲစဉ်တွေမှာ ရှုံးပွဲ ၂ပွဲသာ ရှိထားတော့သလို ယခုနှစ်ပြိုင်ပွဲမှာ လည်း ၁၈ပွဲဆက် အနိုင်ရလဒ်နဲ့အတူ စံချိန်တွေ တင်ရှိနိုင်ခဲ့တာကြောင့် ယခုလို အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါ တယ်။

play

 

အာဆင်နယ် ၁-၃ မန်ယူ(တစ်နှစ်တာ အကောင်းဆုံးပွဲ)

၂၀၁၇ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲကမှ အကောင်းဆုံး ပွဲစဉ်တစ်ပွဲအဖြစ် အာဆင်နယ်အသင်းကို အဝေး ကွင်းမှာ ခြေစွမ်းပြ အနိုင်ယူခဲ့တဲ့ မန်ယူအသင်းရဲ့ ပွဲစဉ်ကို ရွေးချယ်ထားတာ တွေ့ရပါတယ်။

ဒီပွဲစဉ်ဟာတော့ မန်စီးတီးအသင်းက ချဲလ်ဆီးအသင်းအိမ်ကွင်းမှာ အဓိက ကစားသမားတွေ မပါဝင်ပဲ သွားကစားခဲ့တဲ့ပွဲစဉ်ကို ကျော်ဖြတ်ပြီး အကောင်းဆုံးပွဲစဉ်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်မှာ မန်ယူအသင်းရဲ့ အကောင်းဆုံး ဖိအားပေးကစားနိုင်မှု၊တန်ပြန်တိုက်စစ်တွေ ထိရောက်မှု အစရှိတဲ့ မြင့်မားတဲ့လုပ်အားနှုန်းတွေ ကို တွေ့မြင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ဒါ့အပြင် အဖွင့်ဂိုး ၂ဂိုးကိုလည်း ၁၁ မိနစ်အတွင်းရယူပြနိုင်ခဲ့သလို ဂိုးသမား ဒီဂီယာရဲ့ ၂၀၁၇ ခုနှစ်အ တွင်းအကောင်းဆုံးလက်စွမ်းတွေကိုလည်း ပြသနိုင်ခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ဒါကြောင့်လည်း ဒီပွဲကို ၂၀၁၇ခုနှစ်ရဲ့ အကောင်းဆုံးပွဲတစ်ပွဲအဖြစ် ရွေးချယ်ခဲ့ပါတယ်။

play

 

ကွန်တီ(တစ်နှစ်တာအကောင်းဆုံးနည်းပြ)

၂၀၁၇ခုနှစ်ရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြကိုတော့ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ် ဆုဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြကွန်တီက ရရှိခဲ့ပါတယ်။ဒီဆုကို ကွန်တီကို ပေးအပ်ခဲ့ရတဲ့ အကြောင်းရင်းနှစ်ချက်ရှိခဲ့ပါတယ်။ပထမတစ်ချက်က တော့ ချဲလ်ဆီးအသင်းကိုစတင်တာဝန်ယူကိုင်တွယ်ခဲ့တဲ့နှစ်မှာပဲ ကစားသမားဖြည့်တင်းမှု ကြီးကြီးမားမားပြုလုပ်ခြင်း မရှိပဲ ရယူနိုင်ခဲ့လို့ ဖြစ်ပါ တယ်။နောက်တစ်ချက်ကတော့ ချဲလ်ဆီးအသင်းဟာ ကွန်တီမရောက်ခင် တစ်နှစ်မှာ အဆင့် ၁၀ မှာရပ်တည်ခဲ့တာကြောင့် ဥရောပပြိုင်ပွဲဝင်ခွင့် နဲ့လွဲချော်ခဲ့ပါတယ်။ကွန်တီရောက်လာချိန်မှာတော့ ချက်ချင်းဆိုသလို ချန်ပီယံလိဂ်ဝင်ခွင့်သာမက ပရီးမီးယားလိဂ်လိဂ်ချန်ပီယံဆုကိုပါ ရယူပြနိုင် ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်း ယခုလို အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

play

 

ဒီဘရိုင်း(တစ်နှစ်တာ အကောင်းဆုံးကစားသမား)

မန်စီးတီးအသင်းက တောင်ပံကစားသမား ဒီဘရိုင်းကို ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်လိုက်ကြပါတယ်။၂၀၁၇ ခုနှစ်အတွင်း အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၀ဂိုးသာ သွင်းယူပေးထားနိုင်ပေမယ့် ၎င်းရဲ့ လုပ်အားနှုန်းနဲ့အတူ ဘောလုံးပေးပို့မှုတွေ က တိကျသေချာမှုတွေကြောင့်မန်စီးတီးအသင်း ဂိုးရရှိခဲ့တဲ့ အခြေအနေအားလုံးနီးပါး ပါဝင်ပတ်သတ်နိုင်ခဲ့ပါတယ်။မနှစ်က ရာသီမှာ ခက်ခဲမှု တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်းဒီနှစ် မန်စီးတီး အသင်း ၁၈ ပွဲဆက် နိုင်ပွဲဆက်နေခဲ့မှုမှာတော့ ဒီဘရိုင်းက အရေးပါတဲ့ ကစားသမားတစ်ယောက် အဖြစ် ပါဝင်နေခဲ့ပါတယ်။ဒါ့အပြင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးဆုကို ရရှိဖို့လည်း ရေးပန်းစားနေပါ တယ်။

play

 

ဂီရော့ဒ်(အကောင်းဆုံးသွင်းဂိုးဆု)

အာဆင်နယ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အိုလီဗီရာ ဂီရော့ဒ်ကတော့ ၂၀၁၇ ခုနှစ်အတွင်းမှာ သွင်းယူခဲ့ကြတဲ့ သွင်းဂိုးများထဲမှ ခရစ္စတယ်ပဲ လေ့စ်အသင်းဖက်ကို နောက်ပြန်ကန်ချက်နဲ့သွင်းယူခဲ့တဲ့သွင်းဂိုးနဲ့ တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးဆုကို ရရှိခဲ့ပါတယ်။

လျင်မြန်လှတဲ့ အာဆင်နယ်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို အကောင်းဆုံးစတင်ပေးခဲ့သူဖြစ်ပြီး တောင်ပံကစားသမား ဆန်းချက်ရဲ့ အလိုက်သင့် ခင်းပေးခဲ့တဲ့ ဘောလုံးကို ချိန်သားကိုက်ပြေးဝင်ခဲ့ပေမယ့် အနည်းငယ်ရှေ့ကို ရောက်သွားချိန်မှာ အဆင့်မြင့်တိုက်စစ်မှူးတစ်ဦးရဲ့ ယုံကြည်မှု အပြည့်ကစားဟန်ကို ပြသကာ သွင်းယူပြခဲ့တဲ့ နောက်ပြန်သွင်းဂိုးက ၂၀၁၇ခုနှစ်ရဲ့ ပွတ်ခ်ျကတ်ရှ်ဆုကိုပါ ရရှိခဲ့တာပါ။ဒီဂိုးကိုတော့ ဘောလုံးပရိ သတ်တွေ မြင်တွေ့ပြီးသွားလောက်ပြီလို့ ယူဆပါတယ်။

play

 

၂၀၁၇ ခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံးအသင်းကိုတော့ မန်ယူ၊စပါး၊မန်စီးတီး၊ချဲလ်ဆီးနဲ့ လီဗာပူးအသင်းက ကစားသမားတွေကသာ ဦး ဆောင်ခဲ့ပါတယ်။ ဂိုးသမားနေရာမှာတော့ မန်ယူဂိုးသမား ဒီဂီယာကို ရွေးချယ်ခဲ့ပြီး နောက်တန်းမှာတော့ မန်ယူနောက်ခံလူ ဗလင်စီယာ၊စပါးနောက်ခံလူ အန်ဒါဝီရယ်၊မန်စီးတီးနောက်ခံလူ ဂျွန်စတုန်း၊ချဲလ်ဆီးနောက်ခံလူ မားကို့စ်အလွန်ဆို၊အလယ်တန်းမှာတော့ ချဲလ်ဆီးမှ ကန်တေ၊မန်စီးတီးက ဒီဘရိုင်း၊ဆေးလ်ဗား၊လီဗာပူးက မိုဟာမက်ဆာလာ၊ရှေ့တန်းမှာတော့ စပါးက ကိန်းနဲ့ ချဲလ်ဆီးက ဟာဇက်တို့ ပါဝင်လာခဲ့ပါတယ်။

Source- arab news

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD