မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဆောက်သမ်တန်အသင်းကနေ လီဗာပူးအသင်းကို နောက်ခံကစားသမားတွေထဲမှာ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဗန်ဒိုက်ရဲ့အပြောင်းအရွှေ့အပေါ် သူ့ရဲ့ထင်မြင်ချက်ကို ပြောကြားခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းက ၂၀၁၆ နွေရာသီမှာ ဂျူဗင်တပ်အသင်းရဲ့ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ပေါင် ၈၉ သန်းပေးပြီး ဝယ်ယူခဲ့စဉ်က လီဗာပူးအသင်းရဲ့နည်းပြ ယာဂန်ကလော့ပ်က "ဒါက ဘောလုံးလောကရဲ့အဆုံးသတ်ဆိုရင် အဲဒီလိုနေ့မှာ ကျွန်တော် အလုပ်မှာ ရှိနေတော့မှာမဟုတ်ဘူး"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

play

 

"ဗန်ဒိုက်က ဘောလုံးသမိုင်းတစ်လျှောက် နောက်ခံကစားသမားတွေထဲမှာ ဈေးအကြီးဆုံးနောက်ခံကစားသမားဖြစ်လာပါတယ်။ သူက မာဒီးနီ၊ ဘာဂိုမီနဲ့ ဖာဒီနန်တို့ထက် ပိုကောင်းလို့လားဆိုတာတော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် ကစားသမားတစ်ယောက်ဟာ အသင်းအတွက် သင့်တော်မယ်ထင်ရင်၊ အသင်းအတွက် မရှိမဖြစ် တကယ်လိုအပ်နေပြီဆိုရင် သူတို့တောင်းတဲ့ဈေးကို ပေးရမှာပဲ။ ပေးရင် ရမယ်။ မပေးရင်တော့ မရဘူး။ ဒါက ရှင်းရှင်းလေးပါ။ ဒါက ဈေးကွက်ရဲ့သဘောတရားပါပဲ။ လီဗာပူးအသင်းကိုတော့ ဝေဖန်စရာဘာမှမရှိပါဘူး"လို့ စနေနေ့ညနေမှာ ကစားရမယ့် ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

Source & Photos: Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video