AD
AD
AD

အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ များနေတဲ့ တိုက်စစ်မှူး ဆန်းချက်နေရာမှာ အစားထိုးနိုင်ဖို့အတွက် ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး ဇာဟာကို စိတ်ဝင်စားနေတယ်လို့ အာစင်ဝင်းဂါးက ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

အာစင်ဝင်းဂါးအနေနဲ့ ဆန်းချက်ထွက်ခွာသွားပါက ဇာဟာကို အဆင်သင့် အစားထိုးနိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

ဆန်းချက်အနေနဲ့ မန်စီးတီးအသင်းနဲ့ သဘောတူညီမှု ရပါက သေချာပေါက် အသင်းက ထွက်ခွာတောာ့မှာ ဖြစ်ပြီး သဘောမတူညီနိုင်ခဲ့ပါက အာဆင်နယ်အသင်းအနေနဲ့ စာချုပ်သက်တမ်း ထပ်တိုးနိုင်ရေး ကြိုးပမ်းရဖို့ ရှိနေတာ ဖြစ်ပါတယ်။

ယခု အာဆင်နယ်အသင်း ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ခရစ္စတပ်ပဲလေ့စ်တိုက်စစ်မှူး ဇာဟာအနေနဲ့ ပရီးမီးယားလိဂ်မှာ အသင်းနဲ့အတူ ၃၅ ပွဲကစား ထားကာ ၇ ဂိုးသွင်းယူထားပြီး ၉ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။

ဒါ့အပြင် ယမန်နေ့က အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ ၂-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာလည်း အသင်းဖော် တောင်းဆန် ဂိုးသွင်းယူနိုင်ဖို့ တစ်ဂိုးဖန် တီးပေးနိုင်ခဲ့ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD