ချဲလ်ဆီးအသင်းဟာ လန်ဒန်ပြိုင်ဘက်စပါးအသင်းက ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတဲ့ အဲဗာတန်အသင်းမှ အင်္ဂလန်လက်ရွေးစင်ကစားသမား ဘာက လေကို ကြားဖြတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာတယ်လို့ သိရပါတယ်။

play

 

ချဲလ်ဆီးနည်းပြ ကွန်တီအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီကတည်းက ဘာကလေကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း သတ်မှတ်ရက်ထက်နောက်ကျခဲ့ တာကြောင့် ခေါ်ယူနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

ဘာကလေအနေနဲ့လည်း အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး ချဲလ်ဆီးအသင်းကလည်း စပါးအသင်းထံ ရောက်ရှိသွားမှာကို စိုးရိမ်နေတာ ဖြစ်ပါတယ်။

စပါးအသင်းအနေနဲ့ ဘာကလေကို ယနေ့ အချိန်ထိ ခေါ်ယူနိုင်ခြင်း မရှိသေးတာ ဖြစ်ပြီး ဘာကလေရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး ယခုလအတွင်း မှာ ဆုံးဖြတ်ပေးကြဖို့ ရှိနေတယ်လို့လည်းသိရပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ဘာကလေအပြင် မိုနာကိုမှ လီမာနဲ့ ဂျူဗင်တပ်မှ ဆန်ဒရိုတို့ကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိထားရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video