AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ လာမယ့် ဇန်နဝါရီလမှာ ကစားသမားခေါ်ယူမယ့် အစီအစဉ်ရှိပေမယ့် ငွေကြေးအလုံးအရင်းအသုံးပြုပြီး အဓိကကစားသမားတွေ ခေါ်ယူဖို့ မဖြစ်နိုင်ဘူးလို့ထင်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ ငွေကြေးအမြောက်အမြား အသုံးပြုသွားမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး လာမယ့်ဇန်နဝါရီလဟာ ကစားသမားခေါ်ယူဖို့ အချိန်မဟုတ်သေးဘူးလို့ထင်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ အဓိကပစ်မှတ်အနေနဲ့ စပါးအသင်းရဲ့နောက်ခံကစားသမား ဒန်နီရို့စ်၊ ဘော်ဒိုးအသင်းရဲ့ကစားသမား မဲလ်ကွန်နဲ့ ဂျူဗင်တပ်အသင်းရဲ့တိုက်စစ်မှူး ဒီဘာလာကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုကို သတင်းထောက်တွေက လာမယ့်ဇန်နဝါရီမှာ ထိပ်တန်းကစားသမားတွေ ခေါ်ယူနိုင်မယ်လို့ ထင်သလားလို့ မေးမြန်းခဲ့တဲ့အခါ မော်ရင်ဟိုက " မထင်ပါဘူး။ ကျွန်တော်ကတော့ မထင်ပါဘူး"

"ကျေးဇူးပြုပြီး ကျွန်တော့်စကားကို တလွဲအဓိပ္ပာယ်မကောက်လိုက်ပါနဲ့။ ကျွန်တော့်အသင်းက ဘာမှ အထောက်အပံ့မပေးဘူး။ ငွေကြေးသုံးစွဲမှုမရှိဘူးလို့ ပြောတာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂ နှစ်မှာ ကျွန်တော့်အသင်းက ပေါ့ဂ်ဘာနဲ့ လူကာကူတို့အတွက် ငွေကြေးအမြောက်အမြား ပေးခဲ့ပြီးပါပြီ"

"လာမယ့်နွေရာသီမှာလည်း အသင်းက အဓိကကစားသမားတစ်ယောက် ခေါ်ယူဖို့ ငွေကြေးအမြောက်အမြား သုံးစွဲခွင့်ပေးမယ်လို့ ကျွန်တော် သေချာယုံကြည်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: 90 min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD