ချယ်ဆီးအသင်းရဲ့နည်းပြကွန်တီဟာ အသင်းရဲ့အဓိက ကစားသမားဖြစ်တဲ့ အီဒင်ဟာဇက်ကို အသင်းကနေ ထွက်ခွာပြီး ရီးရဲမက်ဒရစ်အသင်းကို မပြောင်းရွှေ့သွားအောင် အစွမ်းကုန်ကြိုးစားပြီး အသင်းရဲ့ရည်မှန်းချက်ကြီးတစ်ခုအဖြစ် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

ဟာဇက်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ချယ်ဆီးအသင်းက ကမ်းလှမ်းလာတဲ့ စာချုပ်သစ်ကို ငြင်းဆန်ခဲ့ပြီး အသင်းပြောင်းရွှေ့ဖို့အတွက် စဉ်းစားနေတယ်လို့ ဟာဇက်ရဲ့ဖခင် သီယာရီက ပြောကြားခဲ့ပါတယ်။ ချယ်ဆီးအသင်းအနေနဲ့ ဟာဇက်ကို လက်မလျှော့သေးဘဲ လာမယ့် ၂၀၁၈ ခုနှစ်အတွင်းမှာ စာချုပ်ချုပ်ဖို့အတွက် ထပ်မံကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

play

 

အီဒင်ဟာဇက်ကို ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ချယ်ဆီးအသင်းကတော့ အသင်းနဲ့ စာချုပ် ၂ နှစ်ခွဲသက်တမ်းကျန်ရှိနေသေးတဲ့ ဟာဇက်ကို လာမယ့်ဇန်နဝါရီလမှာ အသင်းကနေ မထွက်ခွာသွားအောင် အစွမ်းကုန် ကာကွယ်သွားမယ်လို့ သိရပါတယ်။

play

 

ချယ်ဆီးအသင်းရဲ့နည်းပြကွန်တီကတော့ မိမိအနေနဲ့ ဟာဇက်ကို တားဆီးထားနိုင်တဲ့ အစွမ်းမရှိကြောင်း ဝန်ခံခဲ့ပြီး အသင်းရဲ့ဘုတ်အဖွဲ့ဒါရိုက်တာတွေက ဟာဇက်နဲ့ ညှိနှိုင်းဆွေးနွေးမှုမှာ အဓိကအခန်းကဏ္ဍကနေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"တကယ်လို့ ခင်ဗျားသာ အသင်းကြီးတစ်သင်းမှာရှိနေမယ်။ အသင်းကိုရော အသင်းရဲ့ရည်မှန်းချက်ကိုပါ ယုံကြည်တယ်ဆိုရင် အဲဒီအသင်းမှာ နေတာ အမှန်ဆုံးပါပဲ"

"အမှန်အတိုင်းပြောရရင်တော့ ဒီနေ့ သူ့အဖေပြောတဲ့မှတ်ချက်ကို မဖတ်ရသေးပါဘူး။ ဒါပေမယ့် သူ့အဖေကလည်း သတင်းစာထဲမှာပြောထားတာနော်။ ဟုတ်တယ်မလား"

"ဒီကမ္ဘာကြီးပေါ်မှာရှိတဲ့လူတိုင်းက တခြားလူတိုင်းရဲ့အတွေးအမြင်ကို လေးစားသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ အခုကိစ္စမှာလည်း ကျွန်တော် သူ့အတွေးအမြင်ကို လေးစားပါတယ်။ ကျွန်တော် ထပ်ပြောပါမယ်။ သူ့ရဲ့မှတ်ချက်စကားကို ကျွန်တော် မဖတ်ရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က တကယ့်ကိုကောင်းတဲ့လူတစ်ယောက်အကြောင်းကို ပြောနေတာလို့ ထင်ပါတယ်"

"အခုအချိန်က အချိန်ကောင်းမဟုတ်သေးဘူးလို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ ဒီမေးခွန်းကလည်း မေးသင့်တဲ့မေးခွန်းမဟုတ်ဘူးလို့ ထင်ပါတယ်။ ကျွန်တော့်အတွက်မဟုတ်ပါဘူး။ အသင်းအတွက်ကို ပြောတာပါ။ ဒီဟာက အသင်းရဲ့ကစားသမားနဲ့ သူ့ရဲ့ကိုယ်စားလှယ်ပြောတဲ့ အတွင်းရေးစကားတွေက အသင်းနဲ့အတူပဲရှိနေသင့်တာပါ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video