AD
AD
AD

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချယ်ဆီးအသင်းနဲ့ စတုတ်စီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းက ၅ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။

play

 

ချယ်ဆီးအသင်းဟာ တိုက်စစ်မှာ မိုရာတာကို အထောင်ထားပြီး ပက်ဒရို၊ ဝီလီယံတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲစတင်ချိန်ကတည်းက ချယ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားနိုင်ခဲ့ပြီး စတုတ်စီးတီးအသင်းရဲ့ ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

play

 

၃ မိနစ်မှာ ဝီလီယံရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် ရူဒီဂါက ခေါင်းတိုက်သွင်းယူပြီး ချယ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၉ မိနစ်မှာ ဒရင့်ဝါတာက ချယ်ဆီးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲပပါတယ်။

play

၂၃ မိနစ်မှာ ပက်ဒရိုက ဝီလီယံရဲ့ပေးပို့မှုကနေတစ်ဆင့် ချယ်ဆီးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ စတုတ်စီးတီးအသင်းဟာ ယနေ့ပွဲစဉ်မှာ ချယ်ဆီးအသင်းဘက်ကို ထိရောက်တဲ့တိုက်စစ်ဆင်မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ ချယ်ဆီးအသင်းရဲ့တိုက်စစ်ကိုသာ ကာကွယ်နေခဲ့ရပါတယ်။

play

 

ဒုတိယပိုင်းမှာလည်း ချယ်ဆီးအသင်းကသာ ဘောလုံးအသာစီးရယူကစားနိုင်ခဲ့ပြီး ခြေစွမ်းမပြနိုင်တဲ့ မော့ဆက်စ်၊ ကန်တေး၊ မိုရာတာတို့ရဲ့နေရာမှာ ဇက်ပါကော့စတာ၊ ဘာကာရိုကို၊ ဘတ်ရှူဝါရီတို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ၇၃ မိနစ်မှာ ဝီလီယံကို ဂျို့ရှ်တိုင်မွန် ကစားပုံကြမ်းတမ်းခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က ပင်နယ်တီကန်ခွင့်ပေးခဲ့ပြီး ဝီလီယံကပဲ အမှားအယွင်းမရှိကန်သွင်းယူပြီး စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

၈၈ မိနစ်မှာ လူစားဝင်ကစားခဲ့တဲ့ ဇက်ပါကော်စတာက ချယ်ဆီးအသင်းအတွက် ပဉ္စမမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ ချယ်ဆီးအသင်းက ၅ ဂိုး ဂိုးမရှိနဲ့ ဒုတိယနေရာမှာ ခေတ္တရပ်တည်နိုင်ခဲ့ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD