AD
AD
AD

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လီဗာပူးအသင်းနဲ့ လက်စတာစီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။

play

 

လီဗာပူးအသင်းဟာ တိုက်စစ်မှာ မာနေး၊ ဆာလာ၊ ဖာမီနိုတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲစတင်ချိန်ကတည်းက လီဗာပူးအသင်းက ကစားကွက်ပုံဖော်ပြီး ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်း ၃ မိနစ်မှာ မာရက်ဇ်ရဲ့ပေးပို့မှုကနေတစ်ဆင့် ဂျေမီဗာဒီက လက်စတာစီးတီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လက်စတာစီးတီးအသင်းရဲ့ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် လက်စတာစီးတီးအသင်းရဲ့ ဂိုးသမား ရှမိုက်ကယ်က ကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

play

 

ဒုတိယပိုင်းမှာ လီဗာပူးအသင်းကပဲ ဆက်လက်ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့ပြီး ၅၂ မိနစ်မှာ မိုဟာမက်ဆာလာက မာနေးရဲ့ပေးပို့မှုကနေတစ်ဆင့် လီဗာပူးအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၇၂ မိနစ်မှာ ဆာနေးကို ထုတ်ပြီး လီဗာပူးအသင်းက ချန်ဘာလိန်ကို ထည့်သွင်းကစားစေခဲ့ပြီး ၇၆ မိနစ်မှာ မေလ်နာရဲ့ပေးပို့မှုကနေတစ်ဆင့် မိုဟာမက်ဆာလာကပဲ ဒုတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။

play

 

လက်စတာစီးတီးအသင်းဟာ ယနေ့ပွဲစဉ်မှာ ဂိုးပေါက်ခြိမ်းခြောက်မှု ၇ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာ လီဗာပူးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိပြီး အဆင့် ၄ နေရာမှာ ခေတ္တရပ်တည်နိုင်ခဲ့ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD