AD
AD
AD

စနေနေ့ည ၁၂ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ လူကာကူကို အထောင်ထားပြီး မာတာ၊ လင်ဂတ်၊ မစ်ခီတာယန်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း စတင်ချိန်ကတည်းက အကြိတ်အနယ်ရှိခဲ့ပြီး အပြန်အလှန် ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

play

 

ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းက အိမ်ကွင်းပရိသတ်တွေအရှေ့မှာ ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးပေါက် ကန်သွင်းခွင့် ၁၅ ကြိမ်အထိ ရှိခဲ့ပေမယ့် ၃ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး ယင်း ၃ ကြိမ်မှာလည်း ဆောက်သမ်တန်အသင်းရဲ့ဂိုးသမား မက္ကာသီက လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့ပွဲစဉ်မှာ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့အတွက် အဆင့် ၃ နေရာအထိ ကျဆင်းသွားခဲ့ပြီး တစ်ပွဲလျော့နေတဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ၁၄ မှတ် ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD