ချယ်ဆီးအသင်းရဲ့နည်းပြ ကွန်တီဟာ စတုတ်စီးတီးအသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့အားထားရတဲ့ ကစားသမား အီဒင်ဟာဇက်ကို ဘာကြောင့် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားခဲ့ရသလဲဆိုတဲ့အကြောင်းအရင်းကို ပြောပြခဲ့ပါတယ်။

play

 

အီဒင်ဟာဇက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ချယ်ဆီးအသင်းရဲ့စာချုပ်အသစ်ကို လက်ခံဖို့ ငြင်းဆန်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ချယ်ဆီးအသင်းက လာမယ့် ၂၀၁၈ ခုနှစ်မှာ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ထပ်မံကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

စတုတ်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ ခရစ်စတန်ဆန်၊ ဖာဘရီဂတ်စ်၊ ဘာကာရိုကိုနဲ့ ဟာဇက်တို့ဟာ အရန်ခုံမှာသာ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။ ချယ်ဆီးအသင်းရဲ့နည်းပြ ကွန်တီကတော့ အသင်းရဲ့အဓိကကစားသမားတွေကို လာမယ့် ဇန်နဝါရီ ၄ ရက်နေ့မှာ အာဆင်နယ်အသင်းနဲ့ ကစားမယ့်ပွဲစဉ်အတွက် အနားပေးထားတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

"ခင်ဗျားသာ အမြဲတမ်း ၂ ရက်လောက် ကစားနေရတဲ့အခါကျရင် နည်းနည်းတော့ နားဖို့ လိုတယ်လို့ ကျွန်တော် ထင်ပါတယ်"

"အထူးသဖြင့် ပွဲအများကြီးကစားထားပြီး အသင်းအတွက် အရမ်းအရေးကြီးတဲ့ကစားသမားတွေဆိုရင်ပေါ့"

"အလှည့်ကျကစားစေတာဟာ အကောင်းဆုံးနည်းလမ်းလို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တခြားကစားသမားတွေကိုလည်း သူတို့အနေနဲ့ အသင်းအတွက် ကစားပေးဖို့ ထိုက်တန်ဆိုတာကို ပြသနိုင်တာကြောင့်ပါ"

"ဒါပေမယ့် အခုလို ရှုထောင့်မျိုးကနေ ကျွန်တော် တုန့်ပြန်ပေးဖို့ မေးခဲ့တဲ့အခါမှာလည်း ကျွန်တော့်ရဲ့ကစားသမားတွေက အမြဲတမ်း တုန့်ပြန်ပေးနိုင်တဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ်"လို့ ပြောကြားသွားခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video