စနေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ပွဲစဉ်မှာ ပွဲကစားချိန် ၁၀ မိနစ်မှာပင် ဦးခေါင်း ထိခိုက်မိခဲ့တာ ကြောင့် မန်ယူ တိုက်စစ်မှူး လူကာကူကို အသင်းဖော် ရက်ရှ်ဖို့ဒ်နဲ့ လူစားလဲခဲ့ရပါတယ်။

play

 

လူကာကူမှာ ဆောက်သမ်တန်နောက်ခံလူနဲ့ ခေါင်းခုန်တိုက်ရင်း ထိခိုက်မိခဲ့တာဖြစ်ပြီး အဆိုပါ ထိခိုက်မှုကြောင့် ကွင်းအတွင်း ဆေးကုသမှု ခံယူ ခဲ့ရသလို အောက်စီဂျင်ပိုက် တပ်ပေးရတဲ့အထိ အရေးပေါ် အခြေအနေဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

လူကာကူရဲ့ ဒဏ်ရာနဲ့ ပက်သက်ပြီး နည်းပြ မော်ရင်ဟိုက-" ခင်ဗျားတို့ အားလုံးသိကြတဲ့အတိုင်း ကစားသမားတစ်ယောက်ကို အခုလို ထမ်းစင်နဲ့ အောက်စီဂျင်ပိုက်တပ်ပြီး ခေါ်သွားရပြီဆိုရင် အနည်းဆုံးတော့ ၂ပတ်လောက်အနားယူရတော့မှာပဲလေ။" လို့ သုံးသပ်ပြောခဲ့ပါတယ်။

တိုက်စစ်မှူး လူကာကူ ထွက်ခွာသွားခဲ့သလို ၀ါရင့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်မှာလည်း တစ်လခန့်အနားယူနေရ တာကြောင့်  မန်ယူအသင်း အနေနဲ့ လက်ကျန်မိနစ်တွေကို တိုက်စစ်မှူး စစ်စစ်မရှိပဲ ကစားခဲ့ရကာ ဂိုးမရှိ သရေကျခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ လူကာကူအနေနဲ့ မန်ယူအသင်းနဲ့အတူ ပွဲပေါင်း ၃၀ ပါဝင်ကစားပေးထားကာ သွင်းဂိုး ၁၅ ဂိုးအထိ သွင်း ယူပေးထားနိုင်တဲ့ ပေါင် ၇၅ သန်းတန် တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့လည်း ဆောက်သမ်တန်ကို သရေကျခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးအသင်းရဲ့ ယနေ့ညမှာ ကစားမယ့် မန်စီးတီးအသင်းရဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲမတိုင်မီ ၁၄ မှတ် ကွာဟနေပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video