AD
AD
AD

လက်စတာ စီးတီးအသင်းကို နောက်က လိုက်ကစားခဲ့ရပြီး ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ လီဗာပူး တိုက်စစ်မှူး မိုဟာမက်ဆာလာ အနေနဲ့ ပွဲ ပန်းမှုဒဏ် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

play

 

အဓိက အကြောင်းရင်းကတော့ ပင်ပန်းမှု ဒဏ်ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး ယခုလို ဖြစ်ပေါ်နေတာ သူ့အတွက် ကောင်းတဲ့ လက္ခဏာမဟုတ်ဘူးလို့ နည်းပြ ဂျာဂျင်ကလော့ပ်က ပြောခဲ့ပါတယ်။

"သူက အမြဲတမ်း ပွဲပြီးဆုံးချိန်မှာ မောပန်းနွမ်းနယ်တဲ့ ပုံစံမျိုး ဖြစ်လေ့ရှိပါတယ်။ဒါက ကောင်းတဲ့ လက္ခဏာ တစ်ရပ်တော့ မဟုတ်ပါဘူး။ကျွန် တော်တို့ သူ့ကို စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။နောက်ပြီး နောက်ထပ်ပွဲအတွက်လည်း သူဘယ်လောက်အထိ စွမ်းဆောင်ပေးနိုင်မလဲ ဆက်စောင့်ကြည့်ရမယ်။" လို့ ကလော့ပ် ကထုတ်ဖော်ပြောခဲ့ပါတယ်။

မိုဟာမက်ဆာလာမှာ ယခုနှစ် နွေရာသီက ရိုးမားအသင်းကနေ လီဗာပူးအသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲစုံ ၂၃ ဂိုးအထိသွင်းယူထား နိုင်သူ ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD