AD
AD
AD

ဆောက်သမ်တန်အသင်းကို ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့တဲ့ မန်ယူအသင်းအနေနဲ့ ထိပ်ဆုံးမှ မန်စီးတီးအသင်းနဲ့ ၁၄မှတ်ကွာဟနေပြီး မန်စီးတီး အသင်းက တစ်ပွဲလျော့ ကစားထားတာလည်း ဖြစ်ပါတယ်။

play
၁၉၉၇-၉၈ ခုနှစ် ပရီးမီးယားလိဂ် အမှတ်ပေးဇယား

 

အဆိုပါ ပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့တဲ့ မန်ယူအသင်းရဲ့ ဂန္တ၀င်နည်းပြ ဖာဂူဆန်က မန်ယူတီဗီရဲ့ အင်တာဗျူးတစ်ခုမှာ မန်ယူအသင်းအတွက် စံနမူနာထားစရာတစ်ခုကို ထောက်ပြ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

play

 

"မန်ယူအသင်းအနေနဲ့ ယခုလို အမှတ်ကွာဟမှုမှာ စိတ်ဓာတ်မလျော့သေးပဲ ဘာမဆိုဖြစ်နိုငသေးတယ်လို့ ယုံကြည်ထားဖို့လိုပါတယ်။ဥပမာ တစ် ခုကို ထောက်ပြရမယ်ဆိုရင် ၁၉၉၇-၉၈ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတုန်းက နယူးကာဆယ်က ကျွန်တော်တို့ ကို ၁၂ မှတ်လောက် အမှတ်ဖြတ် ဦး ဆောင်ထားပါတယ်။ဒါပေမယ့် ကျွန်တော်တို့ ကျော်ဖြတ်ပြနိုင်ခဲ့ပါတယ်။အဲ့လိုပဲ အာဆင်နယ်အသင်းကို ကျွန်တော်တို့က ၉ မှတ်လောက်အထိ အမှတ်ဖြတ် ဦးဆောင်ထားနိုင်ပြန်ပါတယ်။ဒါပေမယ့် ကျွန်တော့် ကစားသမားတွေ တစ်ယောက်ပြီးတစ်ယောက် ဒဏ်ရာတွေရကုန်ပြီး နောက်ဆုံး အာဆင်နယ်အသင်းက ကျွန်တော်တို့ကို ကျော်ဖြတ်ပြီး တစ်မှတ်အသာနဲ့ ချန်ပီယံ ဖြစ်ခဲ့တာပါ။ဒီလို သာဓကတွေ ရှိနေခဲ့တာကြောင့် ဒီအချိန်မှာ စိတ်ပျက်နေမယ့်အစား ဘာမဆို ဖြစ်နိုင်သေးတယ်လို့ ခံယူလိုက်ပါ။ " လို့ ဖာဂူဆန်က တိုက်တွန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့ လက်ရှိမှာ ဆောက်သမ်တန်အသင်းကို သရေသာ ကစားနိုင်ခဲ့တာကြောင့်အဆင့် ၂ နေရာကိုတောင် စတုတ်စီးတီးကို ဂိုး ပြတ်အနိုင်ယူခဲ့တဲ့ ချဲလ်ဆီးအသင်းထံ လွှဲပြောင်းပေးထားခဲ့ရပြီဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD